ဦးခေါင်းခွဲစိတ်နေစဉ် ဂီတစွမ်းရည်ထိခိုက်မှုမရှိအောင် တယောတီးခဲ့တဲ့ အမျိုးသမီး

yyl-056-1.jpg

လန်ဒန်မြို့က King’s College Hospital မှာ ဦးနှောက်အကြိတ်ခွဲစိတ်မှုကြီး အောင်အောင်မြင်မြင်ပြီးဆုံးခဲ့ပါတယ်။ အဲဒီဆေးရုံကဆရာဝန်တွေက (၅၃) နှစ်အရွယ် တယောပညာရှင် ဒါဂါမာ တာနာရဲ့ဦးနှောက်အကြိတ်ကို ဖယ်ရှားပေးခဲ့တာဖြစ်ပါတယ်။ ဦးနှောက်ခွဲစိတ်မှုလုပ်နေစဉ်အတွင်းမှာ ဒါဂါမာရဲ့လက်ရွေ့လျားမှုတွေ ထိခိုက်မှုမရှိအောင် သူဟာ တယောတီးခဲ့ရပါတယ်။

ဇန်နဝါရီလ (၃၁) ရက်နေ့မှာ ဒါဂါမာက ဦးနှောက်ခွဲစိတ်မှုလုပ်နေစဉ် တစ်ဝက်လောက်မှာ တယောတီးခဲ့ရတာဖြစ်ပါတယ်။ ဖယ်ရှားရမယ့် အကြိတ်က သူ့ရဲ့ဘယ်ဖက်လက်ရွေ့လျားမှုကို ထိန်းချုပ်ထားတဲ့ နေရာနားက ဦးခေါင်းအရှေ့ပိုင်းမှာဖြစ်ပါတယ်။ မေ့ဆေးဆရာဝန်တွေ သူ့ကို မနိုးခင် သူ့ရဲ့ဦးခေါင်းကို ဖွင့်ခဲ့တဲ့ ပါမောက္ခ ကီယိုမာစ် အက်ချ်ကန်က ဒီခွဲစိတ်ကုသမှုကို ကြီးကြပ်ခဲ့တာပါ။

အကြိတ်ဖယ်ရှားစဉ်အတွင်းမှာ လူနာတွေကို ဘာသာစကားစစ်ဆေးမှုတွေ လုပ်ဆောင်စေခဲ့ပေမဲ့ ဂီတတူရိယာတီးခတ်ခိုင်းတာကတော့ ပထမဆုံးအကြိမ်ပါပဲ။ ပါမောက္ခ အက်ချ်ကန်က သူ့ရဲ့ဂီတစွမ်းရည်ထိခိုက်မှုမရှိအောင် ဦးခေါင်းကို ပြန်မချုပ်ခင် တယောတီးခတ်စေခဲ့တာဖြစ်ပါတယ်။ “တယောက ဒါဂါမာအတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ သိပါတယ်။ ဒါကြောင့် သူ့ဦးခေါင်းရဲ့နူးညံ့တဲ့အပိုင်းတွေမှာရှိတဲ့ လုပ်ဆောင်ချက်ကို ထိန်းထားဖို့ မရေးကြီးတဲ့အတွက် သူ့ကို တီးခတ်ခိုင်းခဲ့တာပါ။ သူ့ရဲ့ဘယ်လက်ရဲ့လုပ်ဆောင်ချက်တွေကို ထိန်းရင်း အကြိတ်ရဲ့ (၉၀) ရာခိုင်နှုန်းကျော်ကို ဖယ်ရှားခဲ့ရပါတယ်” လို့ ပါမောက္ခအက်ချ်ကန်က ပြောပါတယ်။

ဒါဂါမာက ခွဲစိတ်ကုသမှုခံယူပြီး (၃) ရက်အကြာမှာ ဆေးရုံက ဆင်းသွားခဲ့ပါပြီ။ “ပါမောက္ခအက်ချ်ကန်နဲ့ သူ့အဖွဲ့သားတွေက ကျွန်မရဲ့ ဂီတစွမ်းရည်ကစပြီး ဦးခေါင်းခွဲစိတ်မှုအထိ အောင်အောင်မြင်မြင်လုပ်ဆောင်ပေးခဲ့တာပါ။ ကျွန်မရဲ့ဂီတစွမ်းရည်ဆုံးရှုံးသွားတယ်လို့ စဉ်းစားလိုက်ရင်ကို ရင်ကွဲမတတ်ပါပဲ။ ဒါပေမဲ့ပါမောက္ခကိုယ်တိုင်ကိုက ဂီတသမားဖြစ်တဲ့အတွက် ကျွန်မရဲ့ခံစားာချက်ကို နားလည်ခဲ့ပါတယ်” လို့ ဒါဂါမာက ပြောပါတယ်။ King’s College Hospital က နှစ်တိုင်း ဦးခေါင်းအကြိတ်ကို ဖယ်ရှားဖို့ ခွဲစိတ်ကုသမှု (၄၀၀) ဝန်းကျင်လောက် လုပ်ဆောင်ရပါတယ်။

Ref: Woman plays violin while undergoing brain surgery to ensure musical skills not affected

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top