အရောင်လှလို့ ဝယ်လိုက်တဲ့ ထီလက်မှတ်ကနေ ဒေါ်လာ ၄ သန်းဆု ဆွတ်ခူးခဲ့သူ

14.8.2024-yyl-1.jpg

မြောက်ကာရိုလိုင်းနားပြည်နယ်မှ အမျိုးသမီးတစ်ဦးဟာ အရောင်လှလို့ ဝယ်ယူလိုက်တဲ့ ထီလက်မှတ်ကနေ ဒေါ်လာ ၄ သန်း ဆွတ်ခူးခဲ့ပါတယ်။ လင်ကွန်းတန်မြို့မှာ နေထိုင်သူ ရေချယ်ဆက်ဒလာဟာ Save Mart စတိုးဆိုင်ကနေ ဒေါ်လာ ၃၀ တန် Supreme 7s ခဲခြစ်ထီလက်မှတ်ကို ဝယ်ယူခဲ့ပါတယ်။

ရေချယ်အတွက် Supreme 7s ခဲခြစ်ထီလက်မှတ်ကို ပထမဆုံးအကြိမ် ဝယ်ယူခဲ့တာဖြစ်ပြီး ခဲခြစ်ကြည့်ချိန်မှာ ထီဆုကြီး ဆွတ်ခူးခဲ့လို့ အံ့အားသင့်သွားခဲ့ပါတယ်။ ရေချယ်ကတော့ သူ့မြေးတွေရဲ့ အနာဂတ်လှပဖို့ ထီဆုကြေးငွေကို အသုံးပြုသွားမယ်လို့ ဆိုပါတယ်။

Ref: Lottery ticket’s colors inspire player’s $4 million win
NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top