တစ်နာရီ ၁၂ မိုင်နှုန်း မောင်းနှင်နိုင်တဲ့ ထိုင်ခုံကို Volkswagen ကုမ္ပဏီက ဖန်တီး

15-11-2022yyl08.jpg

Volkswagen ကားကုမ္ပဏီရဲ့ ဒီဇိုင်နာတွေနဲ့ အင်ဂျင်နီယာတွေက တစ်နာရီ ၁၂ မိုင်နှုန်းအထိ မောင်းနှင်နိုင်တဲ့ ဆုံလည်ထိုင်ခုံတစ်လုံးကို တီထွင်ခဲ့ကြပါတယ်။ Volkswagen ကားမှာ ပါဝင်တဲ့ feature တွေကို ထိုင်ခုံတစ်လုံးမှာ ထည့်သွင်းပြသဖို့ ရည်ရွယ်ချက်နဲ့ အခုလို ဖန်တီးခဲ့ကြတာပါ။

သူတို့ဟာ ထိုင်ခုံမှာ မော်တာနဲ့ ထိန်းချုပ်ခလုတ်တွေ တပ်ဆင်ခဲ့တဲ့အပြင် ထိုင်ခုံခါးပတ်၊ ဟွန်း၊ မတော်တဆမှုမဖြစ်အောင် ကာကွယ်ပေးမယ့် ပတ်ပတ်လည် ဆင်ဆာတွေ၊ ကင်မရာ၊ touchscreen display၊ လက်တင်ခုံ မီး၊ USB အားသွင်းပေါက် အစရှိတာတွေလည်း တပ်ဆင်ထားပါတယ်။ ဒီထိုင်ခုံကို Volkswagen ကုမ္ပဏီက စီးပွားဖြစ် ထုတ်လုပ်ရောင်းချဖို့တော့ မရှိဘူးလို့ ဆိုပါတယ်။

Ref: High-Tech Volkswagen Office Chair Has a Top Speed of 12MPH

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top