A Quiet Place: Day One မှာ သရုပ်ဆောင်ဖို့ ကြောင်ကြောက်တဲ့စိတ်ကို ကျော်လွှားခဲ့ရတဲ့ မင်းသမီးလူပီတာ နယောင်အို

26.6.2024-yyl-4.jpg

Black Panther မင်းသမီးအဖြစ် လူသိများတဲ့ မင်းသမီး လူပီတာ နယောင်အိုဟာ A Quiet Place: Day One ဇာတ်ကားမှာ အဖော်အနေနဲ့ ကြောင်တစ်ကောင်ပါဝင်ထားပါတယ်။ သူက ကြောင်ကြောက်တတ်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် ဒီဇာတ်ကားမှာ ပါဝင်ဖို့အတွက် အဲ့ဒီအကြောက်တရားကို ကျော်လွှားခဲ့ရပါတယ်။ ဒီအကြောင်းကို Entertainment Tonight အစီအစဉ်မှာ ထုတ်ပြောပြခဲ့တာပါ။

သူက ကြောင်တွေကို ကြောက်တဲ့အတွက် ဒီဇာတ်ရုပ်ကို လက်ခံရမလား၊ လက်မခံရမလားဆိုပြီး တုံ့ဆိုင်းမိခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီဇာတ်ကားမရိုက်ကူးခင် ကြောင်ကြောက်တဲ့စိတ်ကို ကျော်လွှားခဲ့တယ်လို့ သူက ပြောပါတယ်။

A Quiet Place ဆိုတာက ကမ္ဘာပေါ်ကို ထူးခြားတဲ့ဂြိုဟ်သားတွေရောက်ရှိလာပြီး အဲ့ဒါတွေက အသံထွက်ရာနေရာကို အဓိကတိုက်ခိုက်တာကြောင့်လူသားတွေက အသံမထွက်အောင်နေရတာပါ။ A Quiet Place: Day One က A Quiet Place ဇာတ်ကားတွေရဲ့တတိယမြောက်ဇာတ်ကားဖြစ်ပြီး A Quiet Place: Part II ရဲ့ ပထမနေ့မှာဖြစ်တဲ့ အဖြစ်အပျက်တွေကို ဇာတ်လမ်းတည်ထားတာပါ။

လူပီတာ နယောင်အိုက နယူးယောက်မြို့သူတစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။ ဒီဇာတ်ကားကို အမေရိကန်မှာ ဇွန်လ ၂၈ ရက်နေ့ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

Ref: Lupita Nyong’o overcomes fear of cats to star in A Quiet Place: Day One

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top