မူလတန်းဆရာမရဲ့ ထူးခြားတဲ့အိုင်ဒီယာ

26-3-2022-yyl09.jpg

ဒေသခံ တိရစ္ဆာန်ဂေဟာက တိရစ္ဆာန်လေးတွေကို ခေါ်ယူမွေးမြူချင်သူတွေ ပေါ်ပေါက်လာစေဖို့ ရည်ရွယ်ပြီး မူလတန်းပြ ဆရာမတစ်ယောက်က ၂ တန်းကလေးငယ်တွေကို အိမ်စာတွေ ရေးခိုင်းခဲ့ပါတယ်။ ကလေးတွေအနေနဲ့ တိရစ္ဆာန်ဂေဟာက တိရစ္ဆာန်လေးတွေနေရာမှာ ဝင်ခံစားပြီး သူတို့ကို မွေးမယ့်သူ မျှော်လင့်နေတဲ့အကြောင်း ရေးခိုင်းခဲ့တာပါ။

ထူးထူးခြားခြား အိုင်ဒီယာရခဲ့တဲ့ ဆရာမဟာ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ်၊ ရစ်ချ်မွန်မြို့ စိန့်မိုက်ကယ်ကျောင်းက မူလတန်းပြ ဆရာမ ကင်ဆေးဂျုံးစ် ဖြစ်ပါတယ်။ ကျောင်းသားလေးတွေကလည်း ဆရာမပြောတဲ့အတိုင်း ပုံနဲ့တကွ အိမ်စာတွေ ရေးခဲ့ကြပါတယ်။ သူတို့ရဲ့ ကြိုးပမ်းမှုကြောင့် အချိန်တိုအတွင်းမှာပဲ Richmond Animal Care and Control (RACC) တိရစ္ဆာန်ဂေဟာက တိရစ္ဆာန် ၈ ကောင်ကို ခေါ်ယူမွေးမြူမယ့်သူတွေ ပေါ်ပေါက်လာခဲ့ပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top