ဇနီးဖြစ်သူကို နံပါတ်မဖော်တဲ့ဖုန်း သုံးပြီး တစ်နေ့အကြိမ် ၁၀၀ ကျော် ဖုန်းခေါ်တဲ့အမျိုးသား ဖမ်းဆီးခံရ

16.9.2024-yyl-5.png

ဂျပန်အမျိုးသားတစ်ဦးဟာ ဇနီးဖြစ်သူကို နံပါတ်မဖော်တဲ့ဖုန်းသုံးပြီး တစ်နေ့ ဖုန်းအကြိမ် ၁၀၀ ကြိမ် ဆက်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။ ဂျပန်နိုင်ငံ အမာဂါဆာကီမြို့မှာ နေထိုင်တဲ့ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့ကစပြီး ထူးဆန်းတဲ့ ဖုန်းခေါ်ဆိုမှုတွေ ကြုံခဲ့ရပြီး ဖုန်းမကိုင်မချင်း ခေါ်နေတာမျိုး ဖြစ်ပါတယ်။ နံပါတ်မဖော်တဲ့ဖုန်းဖြစ်လို့ အဲဒီနံပါတ်ကို ပိတ်ထားဖို့လည်း မဖြစ်နိုင်ခဲ့ပါဘူး။

ဒါပေမဲ့ ညဘက်တွေ ဒါမှမဟုတ် သူ့ယောကျာ်းဖုန်းကိုယူပြီး ဂိမ်းဆော့နေချိန်မျိုးဆိုရင်တော့ နံပါတ်မဖော်တဲ့ဖုန်း ဝင်လာလေ့မရှိပါဘူး။ တစ်လနီးပါး ကြာတဲ့အထိ အမည်မဖော်တဲ့ ဖုန်းနံပါတ်နဲ့ ဖုန်းခေါ်ဆိုမှုတွေ ကြုံခဲ့ပြီးနောက်မှာတော့ အမျိုးသမီးက ဒီကိစ္စကို အဖြေရှာဖို့ ဆုံးဖြတ်ခဲ့ပြီး ဖုန်းခေါ်ဆိုမှုပုံစံတွေကို ဆန်းစစ်ကြည့်တဲ့အခါ ခင်ပွန်းဖြစ်သူကို သံသယဖြစ်လာခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူနဲ့ အတူတူ ရှိနေချိန်မှာ ဖုန်းမလာသလို ခင်ပွန်းဖုန်းနဲ့ ဂိမ်းဆော့နေချိန်မှာလည်း ဖုန်းမလာတာကြောင့်ပါပဲ။ ဒီကိစ္စကို ဖြေရှင်းပေးဖို့ အမျိုးသမီးက ရဲစခန်းမှာ သွားရောက်တိုင်ကြားခဲ့ပြီး စက်တင်ဘာလ ၄ ရက်နေ့မှာတော့ ရဲတပ်ဖွဲ့က ခင်ပွန်းဖြစ်သူကို နောက်ယောင်ခံလိုက်လံနှောင့်ယှက်မှု တိုက်ဖျက်ရေးဥပဒေအရ ဖမ်းဆီးခဲ့တာပါ။ ခင်ပွန်းဖြစ်သူကလည်း အမည်မဖော်တဲ့ ဖုန်းနံပါတ်နဲ့ ခေါ်ဆိုခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။ ဇနီးသည်ကို အလွန်ချစ်တဲ့အတွက် အခုလို ဖုန်းခေါ်ရတာပါလို့လည်း ဖြောင့်ချက်ပေးခဲ့ပါတယ်။

Ref: Man Arrested for Calling His Wife Over 100 Times Per Day
NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top