လူသားတွေရဲ့ အဆုံးစွန်ခံနိုင်ရည်ကို သိပ္ပံပညာရှင်တွေ တွက်ထုတ်

62255051_2414369811927258_7529575546791919616_n.jpg

လူသားတွေရဲ့ အန္တိမခံနိုင်ရည်က ဘယ်အတိုင်းအတာအထိရှိမလဲဆိုတာကို သိပ္ပံပညာရှင်တွေက တွက်ထုတ်ခဲ့ကြပါတယ်။ မိုင် (၃၀၀၀) ကျော် ကွာဝေးတဲ့ အပြေးပြိုင်ပွဲ၊ Tour de France စက်ဘီးစီးပြိုင်ပွဲနဲ့ တခြားထိပ်တန်းအဆင့် ပြိုင်ပွဲတွေရဲ့ အချက်အလက်တွေကို လေ့လာသုံးသပ်ပြီး သိပ္ပံပညာရှင်တွေက နောက်ဆုံးအဆင့်ခံနိုင်ရည်ကို တွက်ချက်ခဲ့တာပါ။ လူသားတွေရဲ့ အန္တိမခံနိုင်ရည်ဟာ အနားယူနေချိန် ဇီဝကမ္မဖြစ်ပျက်ပြောင်းလဲမှုနှုန်းရဲ့ (၂) ဆခွဲရှိပြီး ပျမ်းမျှအနေနဲ့ တစ်ရက်မှာ ကယ်လိုရီ (၄၀၀၀) လောင်ကျွမ်းအောင်လုပ်တာနဲ့ ညီမျှတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

အဲဒီထက် ပြင်းထန်ရင်တော့ ရေရှည်မှာတောင့်ခံနိုင်မှာမဟုတ်ပါဘူး။ ဒုခ်တက္ကသိုလ်က ပြုလုပ်ခဲ့တဲ့ သုတေသနအရ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေက အရမ်းခံနိုင်ရည်ရှိသူတွေလို့ ဖော်ပြပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ကြုံရတာတွေက လူသားတစ်ယောက်ရဲ့ အန္တိမခံနိုင်ရည်နီးပါး ရှိတယ်လို့ ဆိုပါတယ်။ သိပ္ပံပညာရှင်တွေဟာ ကယ်လီဖိုးနီးယားပြည်နယ်ကနေ ဝါရှင်တန်ဒီစီမြို့အထိ မိုင် (၃၀၈၀) ပြေးရတဲ့ Race Across the USA ပြိုင်ပွဲက ပြိုင်ပွဲဝင်တွေကို လေ့လာရင်းနဲ့ သုတေသနစတင်ခဲ့တာပါ။

အဲဒီပြိုင်ပွဲမှာ ပြိုင်ပွဲဝင်တွေရဲ့ ခန္ဓာကိုယ်အပေါ် သက်ရောက်မှုတွေကို လေ့လာကြည့်ရှုပြီး သူတို့ရဲ့ကယ်လိုရီလောင်ကျွမ်းမှုကို မှတ်သားထားကြပါတယ်။ သူတို့တွေ နားနေချိန်မှာ ဖြစ်ပေါ်လာတဲ့ ဇီဝကမ္မပြောင်းလဲမှုနှုန်းနဲ့ ပြေးနေချိန်မှာ ဖြစ်ပေါ်နေတဲ့ ဇီဝကမ္မပြောင်းလဲမှုနှုန်းကို နှိုင်းယှဉ်ကြည့်ခဲ့ကြရာကနေ အခုလို တွေ့ရှိခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top