ရုပ်ချင်းအရမ်းတူပေမဲ့ အမြွှာမဟုတ်တဲ့ ဝမ်းကွဲညီအစ်ကို

23.6.2023-yyl-16.jpg

အမြွှာတွေလို ရုပ်ချင်းအရမ်းတူတဲ့ညီအစ်ကိုနှစ်ဦးဟာ သူတို့နှစ်ဦးက အမြွှာတွေမဟုတ်ဘဲ ဝမ်းကွဲညီအစ်ကိုတွေဖြစ်တယ်လို့ ထုတ်ပြောပြခဲ့ပြီးတဲ့နောက်မှာ လူမှုကွန်ယက်အသုံးပြုသူတွေက သူတို့ကို စိတ်ဝင်စားနေကြပါတယ်။ လူမှုကွန်ယက်အသုံးပြုသူတွေက သူတို့ညီအစ်ကိုကို အမြွှာတွေမဟုတ်ဘဲ ဝမ်းကွဲဖြစ်တယ်ဆိုတာကို မယုံကြည်နိုင်ဖြစ်ကြပါတယ်။ လူတိုင်းက သူတို့ကို အမြွှာတွေလို ထင်ကြတာပါ။

TikTok မှာ The Peter Twins လို့ သိကြတဲ့ သူတို့နှစ်ဦးက အမြွှာညီအစ်ကိုဟုတ်မဟုတ် မေးကြတာများတဲ့အတွက် သူတို့နှစ်က ဘာတော်လဲဆိုတာကို ထုတ်ပြောပြလာခဲ့တာပါ။ သူတို့နှစ်ဦးက အမြွှာညီအစ်ကိုတွေမဟုတ်ဘဲ ဝမ်းကွဲတွေဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့နှစ်ဦးက အမြွှာတွေလို ရုပ်ချင်းအရမ်းတူပြီး ဘာလို့ ဝမ်းကွဲဖြစ်နေရတာလဲဆိုတာကိုလည်း ပြောပြပါတယ်။ သူတို့နှစ်ဦးရဲ့အဖေတွေဖြစ်တဲ့ ပတ်ဒရိုနဲ့ ပီတာတို့က အမြွှာညီအစ်ကိုတွေဖြစ်ကြပြီး သူတို့အဖေတွေက အမြွှာညီအစ်မတွေဖြစ်တဲ့ သူတို့အမေတွေနဲ့ ယူခဲ့ကြတာပါ။ ဒါကြောင့် သူတို့ရဲ့မိဘတွေက ထပ်တူကျအမြွှာတွေဖြစ်တာကြောင့် သူတို့ဝမ်းကွဲနှစ်ဦးလုံးက အမြွှာတွေလို ရုပ်တူနေရတာပါ။

သူတို့ညီအစ်ကိုက ပီတာဆိုပြီး နာမည်တူနေရတာလဲဆိုတာကိုလည်း ဆက်ပြီး ပြောပြပေးခဲ့ပါတယ်။ သူတို့နှစ်ဦးရဲ့မိဘတွေက တစ်ချိန်တည်းမှာ လက်ထပ်ခဲ့ကြပြီး တစ်ခါတည်းမှာပဲ သားယောကျာ်းလေးတွေ ပိုင်ဆိုင်ခဲ့တယ်။ သားလေးတွေက ရုပ်တူတဲ့အတွက် သူ့မိဘတွေက ပီတာဆိုပြီး နာမည်တူ ပေးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုထားပါတယ်။

Ref: These Twins Are Actually Cousins, and It’s Confusing Everyone Online

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top