ကင်ဆာရောဂါကုသမှုခံနေရတဲ့ ဖခင်နဲ့ ပေးထားတဲ့ကတိတည်ဖို့ အမေရိကန်နိုင်ငံအနှံ့ စက်ဘီးစီးခြင်းပြိုင်ပွဲကို ပြီးမြောက်နိုင်ခဲ့သူ

bike.png

ဖလော်ရီဒါပြည်နယ်က အမျိုးသားတစ်ဦးဟာ အဆင့် ၄ ဆီးကျိတ်ကင်ဆာရောဂါကုသမှုခံယူနေတဲ့ ဖခင်ဖြစ်သူနဲ့ အချင်းချင်းပေးထားတဲ့ နိုင်ငံအနှံ့ စက်ဘီးစီးနှင်ခြင်းပြိုင်ပွဲကို ပြီးမြောက်စေရမယ်ဆိုတဲ့ ကတိကို တည်ခဲ့ပါတယ်။ သူကတော့ အယ်လ်ဗာရို နူနက်ဇ်ဆိုသူပါ။ ဇွန်လ ၂၂ ရက်နေ့က အယ်လ်ဗာဟာ Race Across America ပြိုင်ပွဲရဲ့ နောက်ဆုံးစည်းကို ဖြတ်ကျော်နိုင်ခဲ့ပါတယ်။ ဒီပြိုင်ပွဲကို ၁၂ ရက်အတွင်း ပြီးမြောက်ခဲ့တာဖြစ်ပါတယ်။ 


သူ ပြိုင်ပွဲဝင်မပြိုင်ခင် ၁ လလောက်မှာ သူ့ဖခင်ဖြစ်သူဟာ အဆင့် ၄ ဆီးကျိတ်ကင်ဆာရောဂါရှိနေတယ်ဆိုတာ သိခဲ့ရတာပါ။ သူ့ဖခင်က ဆေးကုသစဉ်အတွင်း သူ့ဘေးမှာ အယ်လ်ဗာရိုကို နေစေချင်တာထက် ဒီစက်ဘီးစီးပြိုင်ပွဲကို ပြီးမြောက်စေချင်ခဲ့တာပါ။ ဒီပြိုင်ပွဲတစ်လျှောက်ပြီးမြောက်အောင်လုပ်မယ်ဆိုရင် ဆေးကုသတာကိုလည်း ပြီးဆုံးသည်အထိခံယူမယ်လို့ သူတို့သားအဖနှစ်ယောက် အချင်းချင်းကတိပေးခဲ့ကြတာပါ။ 


Race Across America ပြိုင်ပွဲက မိုင် ၃၀၀၀ ကျော်၊ ပြည်နယ် ၁၂ ခုနဲ့ ၁၂ ရက်ကြာတဲ့ပြိုင်ပွဲပါ။ အယ်လ်ဗာရိုဟာ အရင်က တစ်ခါမှ စက်ဘီးစီးပြိုင်ပွဲကို ဝင်မပြိုင်ခဲ့ဖူးပါဘူး။ သူဟာ ၁ ရက်ကို ၁၂ နာရီလောက် စက်ဘီးစီးလေ့ကျင့်ခဲ့ရတာပါ။ ပြိုင်ပွဲအတောအတွင်း တစ်ညကို ၁ နာရီလောက်ပဲ အိပ်စက်ခဲ့ရပါတယ်။ လက်နဲ့ခြေထောက်တွေမှာ ခံစားမှုပျောက်ပြီး တစ်ခါတလေ မစားနိုင်မတွေးနိုင်ဖြစ်ခဲ့ရတယ်လို့ အယ်လ်ဗာရိုက ပြောပါတယ်။ ဒါပေမဲ့ သူက သူ့အဖေအတွက် ဆက်ပြီးကြိုးစားလုပ်ဆောင်ခဲ့ပါတယ်။ 

Ref: Man bikes across US as father undergoes cancer treatment, fulfilling promises to each other

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top