အသက် ၁၀၀ ပြည့်မြောက်တဲ့ အမျိုးသမီးရဲ့ မွေးနေ့ဆုတောင်းကို ဖြည့်ဆည်းပေးခဲ့တဲ့ မီရှဲလ် အိုဘားမား

23-11-2022yyl03.jpg

နိုဝင်ဘာ ၂၂ ရက်နေ့က အသက် ၁၀၀ ပြည့်မြောက်ခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့အိပ်မက်ဟာ အသက် ၁၀၀ မပြည့်ခင် ရက်အနည်းငယ်အလို စနေနေ့ညက အမှန်တကယ်ဖြစ်လာခဲ့တာပါ။ သူ့ရဲ့တစ်ခုတည်းသောမွေးနေ့လက်ဆောင်အနေနဲ့ အယ်လိုအီ ဘရောင်းဆိုတဲ့ အဲဒီအမျိုးသမီးက အမေရိကန်သမ္မတကတော်ဟောင်း မီရှဲလ် အိုဘားမားကို တွေ့ချင်ခဲ့တာပါ။ မစ်ရှဲလ် အိုဘားမားနဲ့ တွေ့ဆုံခွင့်ရခဲ့တဲ့အတွက် အဲဒီဆန္ဒပြည့်မြောက်ခဲ့ပါတယ်။

ဘရောင်းက ဖီလာဒဲလ်ဖီးယားမြို့မှာ နှစ် ၈၀ ကျော် နေထိုင်နေခဲ့တာပါ။ သူ့ရဲ့အကောင်းမြင်မှု၊ သူ့ရဲ့သစ္စာတရားကြောင့် လူသိများပါတယ်။ ပြီးခဲ့တဲ့အပတ်က သူ့ရဲ့မိသားစု၊ မိတ်ဆွေတွေနဲ့ ဒေသဆိုင်ရာဥပဒေပြဌာန်းသူတွေက တကယ့်မွေးနေ့မတိုင်ခင် မွေးနေ့ပွဲတစ်ခု ဆင်နွှဲပေးခဲ့ကြတာပါ။ အဲဒီအချိန်မှာ မီရှဲလ် အိုဘားမားကို တွေ့လိုကြောင်း ပြောခဲ့တာပါ။

မီရှ်လ် အိုဘားမားဟာ သူ့ရဲ့စာအုပ်အသစ်အကြောင်း ပြောဖို့ စနေနေ့ညက The Met မှာရှိခဲ့ပါတယ်။ လူအုပ်ထဲမှာ ဘရောင်းနဲ့သူ့ရဲ့ညီမဖြစ်သူ ဂျွန်နီ ဒီဗ်လင်ရှိနေခဲ့ပါတယ်။ မီရှ်လ် အိုဘားမားရဲ့အဖွဲ့က ဘရောင်းရဲ့ဆန္ဒကို ကြားသိခဲ့တာကြောင့် သူတို့ဆီ အဲဒီနေ့ပွဲရဲ့လက်မှတ်ကို ပို့ပေးခဲ့တာပါ။ မီရှဲလ်က စင်ပေါ်မှာ စကားပြောပြီးသွားတဲ့နောက် ဘရောင်းရဲ့ဆန္ဒကို ဖြည့်ဆည်းပေးခဲ့ပါတယ်။ ဘရောင်းက မီရှဲလ်ကို တွေ့ဆုံခွင့်ရခဲ့ရုံသာမက သူ့သမီး မာလီယာကိုလည်း တွေ့ခဲ့ရပါတယ်။

“မီရှဲလ်ကို တွေ့ဆုံခွင့်ရတာ စကားနဲ့တောင် ဖော်ပြလို့မရဘူး။ အရမ်းအံ့ဩဖို့ကောင်းတယ်။ ကျွန်မ လုပ်ချင်ခဲ့တဲ့အရာအားလုံးက လက်ဆွဲနှုတ်ဆက်ချင်ရုံပါပဲ။ ဒါကို ကျွန်မ လုပ်ခဲ့ရတယ်”လို့ ဘရောင်းက ပြောပါတယ်။ ဘရောင်းနဲ့သူ့ညီမတို့က သူတို့ရဲ့စံပြပုဂ္ဂိုလ်ကို ပွေ့ဖက်ခွင့်ရခဲ့ပါတယ်။ သူ လုပ်ဖူးသမျှထဲမှာ အကြီးမားဆုံးမွေးနေ့ဖြစ်ခဲ့တဲ့အပြင် အခုလိုတွေ့ဆုံမှုက သူ့ဘဝမှာ အကောင်းဆုံးအခိုက်အတန့်တစ်ခုဖြစ်ခဲ့တယ်လို့ ဘရောင်းက ဆိုပါတယ်။

Ref: CBSNews “Michelle Obama grants birthday wish to woman about to turn 100”

WL( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top