အမေရိကန်နိုင်ငံ ဒက်ထရွိုက်မြို့မှ အဖော်အချွတ် ကလပ်ပိုင်ရှင် အလန်မာကိုဗစ်ဇ်ရဲ့ အငြိုးကြီးတဲ့ လုပ်ရပ်က သတင်းဖော်ပြရတဲ့အထိ လူသိများခဲ့ပါတယ်။ မာကိုဗစ်ဇ်ဟာ ဇနီးဖြစ်သူနဲ့ ကွာရှင်းပြတ်စဲခဲ့ပြီးနောက် သူမရဲ့ဘေးအိမ်ကို ဝယ်ယူခဲ့ပြီး အမေရိကန်ဒေါ်လာ ၇၀၀၀ နီးပါး အကုန်အကျခံကာ လက်ခလယ် ကြေးရုပ် ထုဆစ်ခိုင်းခဲ့ပါတယ်။
လက်ခလယ်ရုပ်တုကို ဇနီးဟောင်းအိမ်ဘက် လှည့်ထားပြီး ညအချိန်မှာလည်း မီးတွေ ထိန်ထိန်ငြီးအောင် ထွန်းထားပါသေးတယ်။ တချို့တွေကတော့ ဒါကို အနုပညာတရပ်လို့ ဆိုကြပြီး တချို့ကတော့ ဇနီးဟောင်းအပေါ် ရက်စက်လွန်းတယ်လို့ ဝေဖန်ကြပါတယ်။ မာကိုဗစ်ဇ်ရဲ့လုပ်ရပ်က သူ့အပေါ် အနိုင်ကျင့်တာလို့ ဇနီးဟောင်းက ဆိုပါတယ်။
ဒါပေမဲ့ မာကိုဗစ်ဇ်ကတော့ လက်ခလယ်ရုပ်တုဟာ သူ့ဇနီးဟောင်းကို ရည်ရွယ်တာမဟုတ်ဘဲ သူမရဲ့ နောက်ယောကျာ်းကို ရည်ရွယ်တာလို့ သတင်းထောက်တွေကို ဖြေဆိုခဲ့ပါတယ်။
Ref: Man Buys Home Next To Ex-Wife And Erects Giant Middle Finger Statue
NZ ( ရိုးရာလေး)

