အမေရိကန်ရဲ့ အခွန်တိုးကောက်မှုကို လက်တုံ့ပြန်မယ်လို့ တရုတ်ပြော

41991958_2010602132329250_5929910424731385856_n.jpg

အမေရိကန်ရဲ့ အခွန်တိုးကောက်မှုတွေနဲ့ပတ်သက်လို့ တရုတ်နိုင်ငံက လက်တုံပြန်သွားမှာဖြစ်ကြောင်း တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားလိုက်ပါတယ်။ အမေရိကန်နိုင်ငံဟာ နိုင်ငံထဲကိုတင်ပို့နေတဲ့ အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံတန်ဖိုးရှိ တရုတ်ကုန်စည်တွေကို စက်တင်ဘာ ၁၈ ရက်နေ့ကစကာ အခွန်တိုးကောက်ဖို့ သတ်မှတ်ခဲ့ပါတယ်။ တရုတ် ကုန်သွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ရဲ့ ဆုံးဖြတ်ချက်တွေအတွက် စိတ်ပျက်ရတယ်လို့ ဆိုခဲ့ပါတယ်။

တရုတ် ပြောရေးဆိုခွင့်ရှိသူ ကမ္ဘာကုန်သွယ်ရေးလွတ်လပ်မှု၊ တရုတ်နိုင်ငံ အကျိုးစီးပွားနဲ့ အခွင့်အရေးတွေအတွက် အမေရိကန်ကို တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ အမေရိကန်နိုင်ငံဟာ တရုတ်ကတင်ပို့တဲ့ ကုန်ပစ္စည်းတွေကို စက်တင်ဘာ ၂၄ ရက်မှာ စတင် အခွန်ကောက်မှာဖြစ်ပြီး အခုနှစ်အတွင်း ၁၀ ရာခိုင်နှုန်း ကောက်မှာဖြစ်ပါတယ်။ အမေရိကန်နဲ့ တရုတ်ကြား သဘောတူညီမှုမရခဲ့ရင် လာမယ့်နှစ်အစပိုင်းမှာ ၂၅ ရာခိုင်နှုန်း ကောက်မှာလည်း ဖြစ်ပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီး ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ရဲ့ အခွန်တိုးကောက်တဲ့လုပ်ရပ်ဟာ ကောင်းမွန်တဲ့ စိတ်ဆန္ဒသဘောထား မရှိဘူးဆိုတာကို ပြသတာဖြစ်ကြောင်း၊ ကုန်သွယ်ရေး အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ အပြန်လှန်လေးစားမှု၊ တန်းတူညီမျှစေမယ့် အခြေခံ အကြောင်းအရင်းတွေကို အခြေခံကာ ဆွေးနွေးဖြေရှင်းရမှာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ အမေရိကန်ရဲ့ အခွန်တိုးကောက်မှုတွေဟာ တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ရေး အငြင်းပွားနေတာကို ပြန်လည်ဆွေးနွေးဖို့အတွက် ထိခိုက်လာဖွယ် ရှိနေပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အမေရိကန်ရဲ့လုပ်ရပ်ဟာ ကမ္ဘာ့ကုန်သွယ်ရေး လွတ်လပ်မှု သတ်မှတ်ချက်တွေကို စောင့်ထိန်းတာ မဟုတ်ကြောင်း၊ အခုလိုမျိုး အခွန်တိုးကောက်မှုက အပြန်လှန် ဆွေးနွေးမှုတွေကို ဖြစ်လာစေဖို့ မသေချာတော့ကြောင်း ပြောခဲ့ပါတယ်။

Ref: CGTN “China to respond to tariffs with retaliatory measures on US goods”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top