ဒေါ်နယ်ထရမ့်က မြောက်ကိုရီးယားကိုစစ်ကြေညာမှာစိုးရိမ်နေတဲ့ ပင်တဂွန်

NKKK-660x330.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် Twitter ပေါ်မှာ စစ်ဘက်ဆိုင်ရာ စီမံကိန်းအကြောင်း tweet ခဲ့တာကြောင့် ထရန့်ဟာ မြောက်ကိုရီးယားကို စစ်ကြေညာမဲ့ အရေးနဲ့ပတ်သတ်ပြီး ပင်တဂွန်မှ တာဝန်ရှိသူများက စိုးရိမ်နေကြတယ် လို့သိရပါတယ်။ မစ္စတာထရန့်ဟာ Twitter ပေါ်မှာ သူဟာ သူ့ရဲ့ဗိုလ်ချုပ်များနဲ့ တိုင်ပင်နေကြောင်း ပြောဆိုခဲ့ပြီး အမေရိကန်စစ်တပ်ထဲမှာ ယောင်္ကျားလျာနဲ့ မိန်းမလျာတွေကို စစ်မှုထမ်းခွင့်ပြုမှာ မဟုတ်ဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် လူတစ်ချို့ကတော့ ထရမ့်ဟာ LBQTQ (lesbian, gay, bisexual, transgender, questioning, queer) များထက် မြောက်ကိုရီးယားအရေးကို ကိုင်တွယ်မှာ ဖြစ်တယ်လို့ ယူဆနေကြပါတယ်။

ပင်တဂွန်မှာတော့ သမ္မတရဲ့ tweets တွေကြောင့် ထရမ့်ဟာ မြောက်ကိုရီးယားကိုပဲ စစ်ကြေညာတော့မှာလား၊ ဒါမှမဟုတ် တခြား စစ်ရေးအရေးယူမှု တစ်ခုခုလုပ်တော့မှာလားဆိုတာကို စိုးရိမ်နေကြပါတယ်လို့ Independent သတင်းစာက ဖော်ပြခဲ့ပါတယ်။ လက်ရှိအချိန်မှာ အမေရိကန်စစ်ရေးဝန်ကြီးဖြစ်သူ ဂျင်မက်တစ် (Jim Mattis) ကတော့ ခရီးထွက်နေပြီး ထရမ့်က မြောက်ကိုရီးယားနဲ့ပတ်သတ်ပြီး ချဉ်းကပ်ပုံ ပြောင်းလဲဖို့ စဉ်းစားနေတာကို ဂျင်မက်တစ်နဲ့ တိုင်ပင်ထားတယ်လို့ အရာရှိများက ဆိုထားပါတယ်။

ဒါ့အပြင် ထရမ့်ဟာ လတ်တလောမှာ LBQTQ အများစု စစ်တပ်ထဲပါဝင်နိုင်ဖို့ ခက်ခက်ခဲခဲကြိုးစားခဲ့ခြင်းကို ပြောင်းပြန်လှန်လိုက်ပြီး လိင်တူနှစ်သက်သူများကို အမေရိကန်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခွင့်ပြုမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။

အိုးဘားမားအစိုးရလက်ထက်က လိင်တူချစ်သူများကို အမေရိကန်စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်ဖို့ ခွင့်ပြုထားခဲ့ပြီးဖြစ်ပေမဲ့ ဒီအစီအစဉ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ ဆိုင်းငံ့သွားခဲ့ပါတယ်။ ဒါကြောင့် စစ်တပ်ထဲမှာ တာဝန်ထမ်းဆောင်နေပြီးဖြစ်တဲ့ လိင်တူချစ်သူ စစ်သားများကို ဘယ်လိုအစီအစဉ် ပြုလုပ်ပေးမှာလဲလို့ မီဒီယာများက အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ဆာရာဟက်ဘီး ဆန်းဒါး (Sara Huckabee Sanders) ကို မေးမြန်းခဲ့ပေမဲ့ ဆာရာဟက်ဘီး ဆန်းဒါးကတော့ အိမ်ဖြူတော်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနတို့ လုပ်ဆောင်သွားရမဲ့ အပိုင်းတွေသာဖြစ်တယ်လို့ ပြောကြားသွာခဲ့ပါတယ်။

Ref : Independent News : Pentagon ‘worried Trump was going to declare war on North Korea’ during today’s tweets about military

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top