မိန်းမ ကွယ်လွန်ခဲ့ပြီးနောက် ယောက္ခမနဲ့ လက်ထပ်ခဲ့သူ

20.5.24-yyl-၆.jpg

အိန္ဒိယအမျိုးသားတစ်ဦးဟာ မိန်းမ ကွယ်လွန်သွားခဲ့ပြီးနောက် ယောက္ခမနဲ့ ချစ်ကြိုက်မိသွားခဲ့ပြီး လက်ထပ်ခဲ့ပါတယ်။ ကလေးနှစ်ယောက်ဖခင် ယာဒက်ဗ်ဟာ သူ့ဇနီးသည် ကွယ်လွန်ပြီးနောက် ဘီဟာပြည်နယ်မှာ နေထိုင်တဲ့ ယောက္ခမတွေအိမ် သွားနေရင်း အသက် ၅၅ နှစ်အရွယ် ယောက္ခမဖြစ်သူ ဂီတာနဲ့ ငြိစွန်းခဲ့ကြတာပါ။ သူတို့နှစ်ယောက် တိတ်တိတ်ပုန်း ဖြစ်နေတယ်ဆိုတဲ့ သတင်းက တစ်ရွာလုံး ပျံ့နှံ့သွားခဲ့ပြီး ဂီတာရဲ့ခင်ပွန်းလည်း သံသယဖြစ်လာလို့ ချောင်းတဲ့အခါ သူတို့နှစ်ယောက် ဖက်ရမ်းနမ်းရှုပ်နေတာကို လက်ပူးလက်ကြပ် မိသွားခဲ့ပါတယ်။

အဲဒီနောက် ကျေးရွာကောင်စီမှာ တိုင်ချက်ဖွင့်ခဲ့ပြီး ဒီကိစ္စကို ဖြေရှင်းပေးဖို့ တောင်းဆိုခဲ့တာပါ။ ယာဒက်ဗ်က ယောက္ခမနဲ့ ငြိစွန်းခဲ့ကြောင်း ဝန်ခံခဲ့ပြီး ဂီတာကလည်း ယာဒက်ဗ်ကို ချစ်မိနေကြောင်း ဝန်ခံခဲ့ပါတယ်။ အဲဒီအတွက် ကျေးရွာကောင်စီက သူတို့နှစ်ယောက်ကို တရားဝင် လက်ထပ်ပေးဖို့ သဘောတူညီခဲ့ပြီး ဂီတာရဲ့ခင်ပွန်းကိုယ်တိုင် သူတို့နှစ်ယောက်ကို လက်ထပ်ပေးခဲ့တာပါ။

ယာဒက်ဗ်နဲ့ ဂီတာတို့ရဲ့ လက်ထပ်ပွဲရုပ်သံမှတ်တမ်းက လူမှုကွန်ရက်မှာ ပျံ့နှံ့သွားခဲ့ပြီး ဒီအကြောင်း သတင်းပျံ့နှံ့လာခဲ့တာပါ။

Ref:Man Falls in Love with His Mother-in-Law, Marries Her with Father-in-Law’s Blessing

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top