ဘောပင်ရဲ့ကလောင်သွားထက်ပိုသေးတဲ့ သစ်သားဇွန်းကို ဖန်တီးခဲ့တဲ့ အိန္ဒိယနိုင်ငံသား

24.8.23-yyl-7.jpg

အလွန်သေးငယ်တဲ့အရာတွေကို ဖန်တီးတဲ့ ပညာရှင် ရှရှီခန် ပရာဂျပါတီ ဆိုသူက ကမ္ဘာ့အသေးဆုံးသစ်သားဇွန်းကို ဖန်တီးပြီးနောက် ကမ္ဘာ့ဂင်းနက်စ်စံချိန်သစ်တင်ခဲ့ပါတယ်။ အသက် ၂၅ နှစ်အရွယ် ရှရှီခန်က သစ်သားအပိုင်းအစကို ၁.၆ မီလီမီတာ (၀.၀၆ လက်မ) ပဲရှိတဲ့ ဇွန်းတစ်ချောင်းအဖြစ် ဖန်တီးခဲ့တာပါ။ ၂၀၂၂ ခုနှစ်က ၂ မီလီမီတာ (၀.၀၇ လက်မ) ရှိတဲ့ ဇွန်းကို ဖန်တီးခဲ့တဲ့ နာဗ်ရာတန် ပရာဂျပါတီ မူတီခါရဲ့စံချိန်ကို ချိုးခဲ့တာပါ။

ဒီစံချိန်ကို ချိုးနိုင်ဖို့အတွက် ရှရှီခန်က ဘယ်လောက်သေးငယ်တဲ့ဇွန်းဖြစ်ပါစေ တကယ့်ဇွန်းနဲ့တူအောင် ဖန်တီးပေးခဲ့ရပါတယ်။ “သစ်သားနဲ့ဇွန်းတစ်ချောင်းပြုလုပ်ရတာ လွယ်ပေမဲ့ ကမ္ဘာ့အသေးငယ်ဆုံးသစ်သားဇွန်းလုပ်ရတာက ခက်ခဲတယ်”လို့ သူက ဆိုပါတယ်။

ကမ္ဘာ့ဂင်းနက်စ်စံချိန်ရဲ့စည်းမျဉ်းမှာ ဒီသေးငယ်တဲ့ဇွန်းကို ဖန်တီးဖို့ သစ်သားအပိုင်းအစမျိုးစုံကို အသုံးပြုဖို့ ခွင့်ပြုပေးထားပေမဲ့ ရှရှီခန်က သစ်သားအပိုင်းအစတစ်ခုတည်းနဲ့ပဲ ဇွန်းဖြစ်အောင် ထွင်းခဲ့ပါတယ်။ သူ ဇွန်းအဖြစ် ဖန်တီးဖို့အတွက် ထွင်းရမှာအသုံးပြုတဲ့ဓားတစ်ချောင်းနဲ့ ခွဲစိတ်ခန်းသုံးဓားသွားတွေကို အသုံးပြုခဲ့ပါတယ်။

သူက အရမ်းလေ့ကျင့်ခဲ့ရတာပါ။ ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ဇွန်းကို မဖန်တီးခင် ၁၀ ကြိမ်ထပ်ပိုပြီး ဇွန်းတွေ ထွင်းလုပ်ခဲ့ရပါတယ်။ သူက အလွန်သေးငယ်တဲ့အရာတွေကို ဖန်တီးတဲ့ပညာကို အလွန်စိတ်ပါဝင်စားတဲ့သူပါ။ သူက စံချိန်တွေအများကြီးချိုးပြီးတော့ အနုပညာရှင်အဖြစ် ကမ္ဘာ့တစ်ဝှမ်းက အသိအမှတ်ပြုမှုကို ရဖို့ မျှော်လင့်နေတာပါ၊။ အရင်က ခဲတံရဲ့ခဲဆံကို ချိန်းကြိုးအများကြီးဖြစ်အောင် ဖန်တီးခြင်းဖြင့် ကမ္ဘာ့ဂင်းနက်စံချိန်ချိုးခဲ့ပါသေးတယ်။ ၂၀၂၀ ခုနှစ်မှာ ချိန်းကြိုး ၁၂၆ ခု၊ ၂၀၂၁ ခုနှစ်မှာ ချိန်းကြိုး ၂၃၆ ခုဖြစ်အောင် လုပ်ပြီးတော့ စံချိန်ချိုးခဲ့တာပါ။ ၂၀၂၃ ခုနှစ်မှာတော့ အိန္ဒိယကပဲ ကာဗီယာရာဆန် ဆယ်ဗန်ဆိုသူက ခဲတံရဲ့ခဲဆံကို ချိန်းကြိုး ၆၁၇ ခုရအောင် ထွင်းနိုင်ခဲ့ပါတယ်။

ရှရှီခန်က အလွန်သေးငယ်တဲ့အရာထွင်းထုတဲ့လက်မှုပညာကို ၂၀၁၅ ခုနှစ်မှာ စပြီးစိတ်ဝင်စားခဲ့တာပါ။ အဲဒီတုန်းက ကောလိပ်ပထမနှစ်ပါ။ သူ့ရဲ့လက်မှုပညာကို ကျွမ်းကျင်ဖို့အတွက် တစ်နေ့ကို ၁၀ နာရီလောက် လေ့ကျင့်ခဲ့ပါတယ်။

Ref: Bihar Man Sets New World Record, Crafts A Wooden Spoon Smaller Than The Nib Of A Pen

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top