ဆွဲကြိုးတစ်ကုံးကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့သူ

13.6.2024-yyl-1.jpg

သေနတ်နဲ့အနီးကပ်ပစ်ခံခဲ့ရတဲ့ အမျိုးသားတစ်ဦးဟာ သူ့ဆွဲကြိုးကြောင့် အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်မှာ နေထိုင်တဲ့ အမျိုးသားတစ်ဦးဟာ စကားများ ရန်ဖြစ်ရာကနေ သေနတ်နဲ့ပစ်ခံခဲ့ရတာပါ။ ဒါပေမဲ့ ပွိုင့် ၂၂ သေနတ်ကျည်က သံကွင်းဆက်ပုံစံ ဆွဲကြိုးကို ထိမှန်ခဲ့ပြီး ရင်ဘတ်ကို တိုက်ရိုက်မထိခဲ့တာကြောင့် စုတ်ပြဲဒဏ်ရာပဲ ရခဲ့ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်မှာ ကော်လိုရာဒိုပြည်နယ် ရဲတပ်ဖွဲ့က သွေးစွန်းနေတဲ့ ဆွဲကြိုးပုံနဲ့အတူ ဒီအကြောင်းကို သူတို့ရဲ့ ဖေ့ဘွတ်ခ်စာမျက်နှာမှာ တင်ခဲ့တာပါ။ သူတို့က ငွေဆွဲကြိုးလို့ ဖော်ပြထားပေမဲ့ ငွေက ပျော့ပျောင်းတဲ့အတွက် ကျည်ဆန်ဒဏ် ခံနိုင်မှာမဟုတ်ပါဘူး။ မာကျောတဲ့ သတ္တုပါဝင်နေလို့သာ ကျည်ဆန်ဒဏ် ခံနိုင်ခဲ့ပြီး ဆွဲကြိုးပိုင်ရှင်အမျိုးသား အသက်ဘေးမှ လွတ်ခဲ့တာဖြစ်မယ်လို့ လူမှုကွန်ရက် အသုံးပြုသူတွေက မှတ်ချက်ပေးခဲ့ကြပါတယ်။

Ref: Man Miraculously Survives Gunshot After Silver Necklace Stops Bullet

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top