အစုလိုက်မြုပ်နှံခဲ့တဲ့ ကလေးငယ်နဲ့ သန္ဓေသားရုပ်ကြွင်းတွေကို ပြင်သစ်နိုင်ငံမှာတူးဖော်တွေ့ရှိ

69075862_2425625494361858_8091370888450015232_n.jpg

ပထမရာစုနှစ် (AD 1-100) နဲ့ ဒုတိယရာစုနှစ် (AD 101-200) အကြားကာလက အစုလိုက်အပြုံလိုက်မြုပ်နှံခဲ့မှု လို့ယူဆရတဲ့ ကလေးရုပ်အလောင်းနဲ့ သန္ဓေသားရုပ်အလောင်းတွေ အစုလိုက်မြုပ်နှံထားရာသင်္ချိုင်းဂူ (၆၀) ဝန်းကျင်ကို ပြင်သစ်နိုင်ငံ Nîmes မြို့မှာ ၂၁၁၉ ခုနှစ်၊ သြဂုတ်လ (၂၈) ရက်က တူးဖော်တွေ့ရှိခဲ့ကြပါတယ်။

မယုံနိုင်စရာကောင်းအောင်ပါးလျနေတဲ့ ကလေးအရိုးစုတွေနဲ့အတူ ရေကရားတချို့ကိုပါတူးဖော်ရရှိခဲ့ပြီး ဒီအရာတွေနဲ့ပတ်သက်တဲ့နောက်ခံအကြောင်းကိုသိနိုင်ဖို့ အသေအချာသရုပ်ခွဲလေ့လာမှုတွေပြုလုပ်သွားမယ်လို့ တူးဖော်သူတွေကပြောပါတယ်။

ရှာဖွေတူးဖော်ရေးအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူ ဗိသုကာပညာရှင် ရစ်ချတ် ပယ်လီ (Richard Pellé) က ရုပ်အလောင်းတွေမြုပ်ထားတဲ့ကျင်းက ဘယ်လောက်တောင်သေးငယ်နေလဲလို့ တွေ့လိုက်ရစဉ်မှာ အတော်လေး အံ့အားသင့်တုန်လှုပ်မိခဲ့တယ် လို့ဆိုပြီး ဒါဟာ ထူးခြားတဲ့တူးဖော်တွေ့ရှိမှုတစ်ခု လို့လည်း သူက ပြောပြပါတယ်။

ရောမဧကရာဇ်အင်ပါယာရဲ့မြို့တော်တစ်ခုဖြစ်ခဲ့ဖူးတဲ့ Nîmes မြို့ကို ၁၉၈၉ ခုနှစ်ကတည်း သမိုင်းအမွေအနှစ်နေရာတစ်ခုအဖြစ်သတ်မှတ်ထားခဲ့ပြီး လက်ရှိကာလမှာတော့ မြို့တော်ဝန်ဦးဆောင်တဲ့စည်ပင်သာယာရေးအဖွဲ့တွေက ပြုပြင်အဆင့်မြှင့်တင်မှုတွေလုပ်ဆောင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

Ref: CGTN “Around 60 baby, fetus graves discovered in France”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top