နယူးယောက်မြို့ကို ပြာကျ သွားစေနိုင်ကြောင်း ကင်ဂျုံအန်မှ ခြိမ်းခြောက်

kinjone.jpg

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ဟာဆိုရင် ၎င်းတို့ တီထွင်ဖန်တီးထားတဲ့ ဟိုက်ဒရိုဂျင်ဗုံးဟာဆိုရင် နယူးယောက်မြို့ကို ရောက်ပြီး မန်ဟက်တန်တစ်ခုလုံးကို ပြာကျ သွားစေနိုင်ကြောင်း ခြိမ်းခြောက် ခဲ့ပါတယ်။

မြောက်ကိုရီးယားပိုင် သတင်းဌာနတစ်ခုကနေပြီးတော့ လက်ရှိ မြောက်ကိုရီးယား ပိုင်ဆိုင်တဲ့ ဟိုက်ဒရိုဂျင်ဗုံးဟာ ဆိုဗီယက်တိုင်းပြည် ပိုင်ဆိုင်ခဲ့ဖူးတဲ့ ဟိုက်ဒရိုဂျင်ဗုံးထက်တောင် ကြီးကြောင်း ဆိုပါတယ်။ ယင်း ဗုံးကို မြောက်ကိုရီးယားတို့ စမ်းသပ်အောင်မြင်ထားတဲ့ ဒုံးကျည်ထိပ်ဖူးပေါ်တပ်လို့ ပစ်လိုက်ရင် နယူးယောက်မြို့ အလယ်တည့်တည့်ကို ရောက်နိုင်ကြောင်း ဆိုပါတယ်။ ဒါကြောင့်မို့ မန်ဟက်တန် တစ်ခုလုံးကို ပြာကျသွားစေနိုင်ကြောင်း ပြောဆိုခဲ့ ပါတယ်။ ယင်းပြောဆိုမှုကြောင့် ကုလသမဂ္ဂမှာ အရေးပေါ် ဆွေးနွေးမှု ပြုလုပ်နေပြီး အရေးယူပိတ်ဆို့မှုများ ဆက်လက်တိုးမြင့်မှာ ဖြစ်ပါတယ်။

လက်ရှိ မြောက်ကိုရီးယား အစိုးရအနေဖြင့် စစ်အင်အားတိုးတက်ဖို့အတွက် ငွေကို အဆမတန် အသုံးပြုနေပြီး ပြည်သူများဟာ စားနပ်ရိက္ခာ မလုံမလောက် ဖြစ်နေကြောင်း နိုင်ငံတကာ လေ့လာသူများက ထောက်ပြထားပါတယ်။ လက်ရှိ တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ပူးပေါင်းစစ်ရေး လေ့ကျင့်မှုဟာ ဆိုရင် မြောက်ကိုရီးယားကို ပိုမို စစ်သွေးကြွစေပါတယ်။ တတိယ ကမ္ဘာစစ် ဖြစ်လာနိုင်ချေ ရှိသလားဆိုပြီးတော့တောင် လေ့လာသူများက သုံးသပ် ဆွေးနွေးလျက် ရှိကြ ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top