ပေါင်ဒါမှုန့်တွေကို ကိုကိန်းထင်ပြီး အဖမ်းခံခဲ့ရတဲ့ အာဂျင်တီးနားအမျိုးသားဟာ သီတင်းပတ် ၃ ပတ်အကြာမှာတော့ အချုပ်ထဲကနေ ပြန်လည်လွတ်မြောက်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလအစောပိုင်းမှာ မက်ဆီမီလီယာနိုအကော်စတာဟာ မန်ဒိုဇာမြို့ကနေ ဗျူနိုအေရိစ်မြို့ထံ ထွက်ခွာလာတဲ့ ဘတ်စ်ကားနဲ့အတူ လိုက်ပါလာခဲ့တာပါ။ လာပက်ဇ်မြို့ စစ်ဆေးရေးဂိတ်မှာတော့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါ အကော်စတာရဲ့အိတ်ထဲကနေ ပေါင်ဒါဘူး ၁၈ ဘူးတွေ့လို့ သူ့ကို စစ်ဆေးမေးမြန်းခဲ့ကြပါတယ်။
သူလိမ်းဖို့ ပေါင်ဒါဘူးတွေ ထည့်လာတာလို့ အကော်စတာက ရှင်းပြခဲ့ပေမဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကတော့ သင်္ကာမကင်းဖြစ်ခဲ့ပြီး သူ့ကို ထိန်းသိမ်းခဲ့ပါတယ်။ အစောပိုင်း စစ်ဆေးမှုတွေအရ ပေါင်ဒါဘူးထဲမှာ ကိုကိန်းတွေ ထည့်လာတာလို့ သတ်မှတ်ခဲ့ကြပြီး မိသားစုကို အကြောင်းမကြားဘဲ အကော်စတာကို ထိန်းသိမ်းခဲ့တာပါ။ အောက်တိုဘာလ ၂ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ” အဝေးပြေးကား စီးလာတဲ့ ခရီးသည်တစ်ဦးက ပေါင်ဒါဘူးတွေထဲမှာ ကိုကိန်း ၂ ကီလိုဂရမ်ကျော် ထည့်သွင်းသယ်ဆောင်လာပြီး သံသယဖြစ်ဖွယ်ရှိတဲ့ အမူအရာကြောင့် ဖမ်းဆီးရမိ”လို့ ဖော်ပြခဲ့တာပါ။
ဒါပေမဲ့ ဓာတ်ခွဲခန်းစစ်ဆေးချက်အရတော့ ပေါင်ဒါမှုန့်တွေဖြစ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး အကော်စတာကို ပြန်လွှတ်ပေးခဲ့တာပါ။ အကော်စတာဟာ အချုပ်ထဲမှာ ၂၁ ရက်ကြာ ထိန်းသိမ်းခံခဲ့ရပြီး သူ့ပိုင်ဆိုင်မှုပစ္စည်းတွေလည်း ခိုးယူခံခဲ့ရပါတယ်။ တကယ်တော့ အကော်စတာဟာ ငွေကြေးအခက်အခဲ ကြုံနေရသူဖြစ်ပြီး တစ်နေရာကနေ တစ်နေရာကို ခရီးသွားချိန်မှာ ခရီးစရိတ်ကျေအောင်လို့ ပြန်ရောင်းဖို့အကြံအစည်နဲ့ ပေါင်ဒါဘူးတွေ ဝယ်လာခဲ့တာပါ။
Ref: Man Spends 21 Days in Jail After Police Mistake Talcum Powder for Drugs
NZ ( ရိုးရာလေး)