ကလေးတွေကိုပျော်စေချင်လို့ ဝင်ငွေကောင်းတဲ့အလုပ်ကို စွန့်လွှတ်ခဲ့တဲ့အမျိုးသား

60339384_1334941469990929_4019174728525676544_n.jpg

ကြမ်းပြင်ပေါ်မှာအိပ်စက်နေရတဲ့ ကလေးတွေရှိတယ်ဆိုတာသိပြီးချိန်မှာတော့ နှစ်ထပ်ကုတင်တွေ ပြုလုပ်လှူဒါန်းပေးဖို့ လုခ် မစ်ကယ်စန်း (Luke Mickelson) တစ်ယောက် အတွေးရခဲ့ပြီး ငှက်သိုက်လိုရှုပ်ပွနေတဲ့အင်္ကျီပုံကို ကုတင်သဖွယ်သဘောထားအိပ်စက်နေတဲ့ ကလေးမလေးကို မြင်ရချိန်မှာတော့ ကလေးတွေရဲ့ လိုအပ်ချက်ကို ဖြည့်ဆည်းပေးရမယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

ကြမ်းပြင်ပေါ်မှာအိပ်စက်နေရတဲ့ ကလေးတွေရှိတယ်ဆိုတာသိပြီးချိန်မှာတော့ နှစ်ထပ်ကုတင်တွေ ပြုလုပ်လှူဒါန်းပေးဖို့ လုခ် မစ်ကယ်စန်း (Luke Mickelson) တစ်ယောက် အတွေးရခဲ့

ဒါကြောင့် လိုအပ်နေတဲ့ကလေးတွေဆီ ကုတင်တွေလှူဒါန်းဖို့ “အေးငြိမ်းသာယာ အိပ်စက်ရာ” ဆိုတဲ့ ဖောင်ဒေးရှင်းကို ထူထောင်လိုက်ပါတယ်။ အမေရိကန်နိုင်ငံ Idaho ပြည်နယ်မှာ မွေးဖွားကြီးပြင်းလာခဲ့ပြီး အခု အသက် (၄၁) နှစ်အရွယ်ရှိပြီဖြစ်တဲ့ လုခ်က အထက်တန်းကျောင်းမှာ အားကစားနည်းပြတစ်ဦးဖြစ်သလို အိမ်ထောင်ဦးစီးတစ်ယောက်လည်းဖြစ်ပါတယ်။ ကြမ်းပေါ်မှာပဲ အိပ်စက်နေရတဲ့ကလေးတွေနဲ့ တွေ့ဆုံပြီးချိန်မှာ သာယာနေတဲ့ လုခ်ရဲ့ဘဝက တစ်ဆစ်ချိုး ပြောင်းလဲသွားခဲ့ပါတယ်။

ကိုယ်ပိုင်ပိုက်ဆံနဲ့ ကုတင်ဆောက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေဝယ်ယူရင်း မိသားစုဝင်တွေနဲ့အတူ ကုတင်လှူဒါန်းရေးစီမံကိန်း စတင်ခဲ့

အိမ်ချင်းကပ်လျက်က ကလေးမိဘတွေက စားဖို့သောက်ဖို့ပဲကြိုးစားရှာဖွေနေပေမဲ့ ကလေးတွေ ဇိမ်နဲ့ အိပ်လို့ရတဲ့ ကုတင်တောင်မထားပေးနိုင်ဘူးဆိုတာသိရှိပြီး လုခ်တစ်ယောက် အကျိုးတော်ဆောင် ဖြစ်သွားခဲ့ပါတယ်။ ကိုယ်ပိုင်ပိုက်ဆံနဲ့ ကုတင်ဆောက်ဖို့ လိုအပ်တဲ့ပစ္စည်းတွေဝယ်ယူရင်း မိသားစုဝင်တွေနဲ့အတူ ကုတင်လှူဒါန်းရေးစီမံကိန်း စတင်ခဲ့တာပါ။ တစ်နှစ်ထက်တစ်နှစ် ပြုလုပ်တဲ့ ကုတင်အရေအတွက်က ပိုပိုများလာသလို ပရဟိတအဖွဲ့အစည်းတွေကပါ ပါဝင်ကူညီ ပေးလာကြပါတယ်။ “မြို့ထဲက ဘယ်ကလေးမှ ကြမ်းပြင်ပေါ်အိပ်စရာမလိုဘူး” ဆိုတဲ့ ဆောင်ပုဒ်နဲ့ လှုပ်ရှားလာလိုက်တာ အခုဆိုရင် အမေရိကန်တစ်ဝန်းလုံးမှာ ကုတင်အလုံးရေ (၁၅၀၀) ကျော် လှူဒါန်းနိုင်တဲ့အထိပါပဲ။

ဝင်ငွေကောင်းနေတဲ့အလုပ်ကိုစွန့်လွှတ်ပြီး ပီတိပဲစားရတဲ့အလုပ်ကိုပြောင်းခဲ့ပေမဲ့ ဘယ်တော့မှ နောင်တမရသလို “ကလေးတွေမျက်နှာမှာပြုံးရိပ်ထင်ရင် ကျွန်တော်လည်း အလိုလို ပျော်ရွှင်ရတယ်” လို့ လုခ်က CNN သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

Ref: CNN “He quit his high-paying job to build beds for kids who sleep on the floor”
Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top