၅ ရက်၊ ၅ နာရီ၊ ၂၃ မိနစ်အတွင်း အိုင်ယာလန်ကို ဘီးတစ်လုံးပါ စက်ဘီးနဲ့ ဖြတ်သန်းပြီး ဂင်းနက်စ်စံချိန် တင်ခဲ့သူ

16.7.2024-yyl-5.jpg

အိုင်ယာလန်အမျိုးသားတစ်ဦးဟာ ဘီးတစ်လုံးပဲပါတဲ့ စက်ဘီးကိုစီးပြီး အိုင်ယာလန်နိုင်ငံတောင်ဖျားကနေ မြောက်ဖျားအထိ ၃၀၈ မိုင်အကွာအဝေးကို ၅ ရက်၊ ၅ နာရီ၊ ၂၃ မိနစ်နဲ့ ဖြတ်သန်းနိုင်ခဲ့ပြီး ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။

အေမွန်ကိဗ်နေးဟာ အိုင်ယာလန်နိုင်ငံတောင်ဘက်ဖျား မိုင်ဇန်ဟတ်ကနေ မြောက်ဘက်ဖျားဖြစ်တဲ့ မာလင်ဟတ်အထိ ဘီးတစ်လုံးပဲပါတဲ့ စက်ဘီးကိုစီးသွားခဲ့တာပါ။ သူဟာ တစ်ရက်ကို ၁၂ နာရီနှုန်း စက်ဘီးစီးခဲ့ပြီး တစ်နေ့တာ ခရီးစဉ် ပြီးဆုံးခါနီးတိုင်း စက်ဘီးမစီးချင်တော့လောက်အောင် ပင်ပန်းနွမ်းလျခဲ့တယ်လို့ ဆိုပါတယ်။

ကိဗ်နေးဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း ခြေဗလာနဲ့ ခရီးအဝေးဆုံးသွားနိုင်သူအဖြစ် ဂင်းနက်စ်စံချိန် တင်ခဲ့ဖူးပါတယ်။ အဲဒီနောက်မှာလည်း ၁၀ ရက်အတွင်း တောင် ၁၀ လုံးကို ခြေဗလာနဲ့ တက်ခဲ့ဖူးပါတယ်။

ကိဗ်နေးဟာ အရင်တုန်းက ဘီးတစ်လုံးပါ စက်ဘီးကို လုံးဝမစီးခဲ့ဖူးပါဘူး။ ဂင်းနက်စ်စံချိန်တင်ဖို့ အကြံရတော့မှ ဘီးတစ်လုံးပါ စက်ဘီးကို အစီးကျင့်ခဲ့တာ ဖြစ်ပါတယ်။

Ref: Man unicycles length of Ireland in 5 days, 5 hours, 23 minutes
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top