စွန့်ပစ်အမှိုက် လျှော့ချဖို့ ဆိုဖာအဟောင်းတွေကနေ အိတ်တွေ ချုပ်လုပ်ရောင်းချနေသူ

19.2.2023-image-1.jpg

စွန့်ပစ်အမှိုက် လျှော့ချလိုတဲ့ ဗြိတိန်အမျိုးသမီးတစ်ဦးဟာ ဆိုဖာခုံအဟောင်းတွေကနေ လက်ကိုင်အိတ်တွေ ချုပ်လုပ်ရောင်းချလျက် ရှိပါတယ်။ ၂၀၁၈ ခုနှစ်က သူတို့အိမ်မှာ ခန်းဆီးလိုက်ကာအသစ်တွေ တပ်ဆင်ခဲ့ပြီး လိုက်ကာအဟောင်းတွေကို ဘယ်လို လုပ်မလဲလို့ သူ့ခင်ပွန်းက မေးခွန်းထုတ်ချိန်မှာ လီဆာခရစ်က အိတ်ချုပ်ဖို့ အကြံရခဲ့တာပါ။

သူဟာ တခြားသူတွေ မသုံးတော့တဲ့ ဆိုဖာခုံတွေကနေ သားရေစတွေကို ထုတ်ယူပြီး ဇစ်မပါတဲ့ ဘေးလွယ်အိတ်၊ လက်ကိုင်အိတ်၊ ခရီးဆောင်အိတ်တွေ ချုပ်ကာ သူ့ရဲ့ ဝက်ဘ်ဆိုက်ကနေ ရောင်းချတာပါ။ သူ့အိတ်တစ်လုံးဟာ ၂၅ ပေါင်ကနေ ပေါင် ၂၀၀ အထိ တန်ကြေးရှိပြီး တော်တော်လေး အရောင်းသွက်ပါတယ်။

ဆိုဖာခုံတစ်လုံးကနေ လက်ကိုင်အိတ် ၉ လုံးအထိ ချုပ်လုပ်နိုင်ပြီး ပြီးခဲ့တဲ့ ၁၆ လအတွင်း ဆိုဖာ ၁၆ လုံးကနေ အိတ်တွေ ချုပ်လုပ်ခဲ့တာပါ။ ဒါ့အပြင် မိုးပျံပူဖောင်း၊ ကော်ဇော၊ ဂျင်းထည်အဟောင်းတွေကိုသုံးပြီး ရင်ကာ (Apron)တွေ ချုပ်လုပ်ခဲ့ပါတယ်။ လီဆာခရက်က Facebook Marketplace ကနေ ဆိုဖာအဟောင်း လွှင့်ပစ်မယ့်သူတွေကို ရှာဖွေတာပါ။

လက်ရှိအချိန်မှာတော့ လီဆာခရက်က တစ်ပတ်ကို သားရေအိတ် ၆ လုံးကနေ ၁၀ လုံးကြား ချုပ်လုပ်ပြီး New Baginnings ဆိုတဲ့ အမည်နဲ့ စီးပွားဖြစ် လုပ်ကိုင်နေပါပြီ။

Ref: She Turns Old Leather Sofas into Chic $200 Handbags to Cut Down on Waste–And They’re Flying Out the Door

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top