အသက် ၂၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကမ္ဘာ့အလှဆုံးကောင်မလေး

13-1-2023-yyl-105.jpg

ပြင်သစ်မော်ဒယ်မ​လေး သီလိန် လီနာ ရို့စ် ဘလွန်ဒိုဟာ အသက် ၄ နှစ်အရွယ်မှာ ပထမဆုံးရှိုးလျှောက်ခဲ့ပြီး ၂ နှစ်အကြာ အသက် ၆ နှစ်မှာ ကမ္ဘာ့အလှဆုံးကောင်မလေးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ အခုဆို မော်ဒယ်ဖြစ်ခဲ့တာ ဆယ်စုနှစ်တစ်ခုကျော်ခဲ့ပြီး အသက် ၂၁ နှစ်ရှိနေပါပြီ။ မော်ဒယ်ဆက်လုပ်နေတဲ့အပြင် သရုပ်ဆောင်လည်း လုပ်နေပါတယ်။

သီလိန် လီနာက ပြင်သစ်လူမျိုး ပရီမီးယားလိဂ်ဘောလုံးသမားဟောင်း ပက်ထရစ် ဘလွန်ဒိုနဲ့ တီဗီအစီအစဥ်တင်ဆက်သူ၊ဖက်ရှင်ဒီဇိုင်နာ ဗီရိုနီကာ လိုဘရီတို့ရဲ့သမီးပါ။ သူ့မိဘတွေက ၂၀၁၆ ခုနှစ်မှာ ကွာရှင်းခဲ့ကြပါတယ်။ ဖော်လိုဝါ ၆ သန်းကျော်ရှိတဲ့ သူ့ရဲ့အင်စတာဂရမ်အကောင့်မှာ သူ့အမေ၊ သူ့မောင်လေးတွေနဲ့ ရိုက်ထားတဲ့ဓာတ်ပုံတွေကို တင်တာတွေ့ရပါတယ်။ သူ့အတွက် ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးနေရာဟာ သူ့အမေ၊သူ့မောင်လေးတွေနဲ့အတူ နေနိုင်တဲ့နေရာပါတဲ့။

သီလိန် လီနာက နာမည်ကြီးမဂ္ဂဇင်းတော်တော်များများမှာ မျက်နှာဖုံးမော်ဒယ်အဖြစ်လည်း ပါဝင်ခဲ့ပါတယ်။ နာမည်ကြီးကုန်အမှတ်တံဆိပ်တွေနဲ့လည်း လက်တွဲလုပ်ကိုင်ခဲ့ပါတယ်။ သူဟာ သရုပ်ဆောင်အနေနဲ့ ၂၀၁၅ ခုနှစ်ရဲ့ Belle & Sebastian: The Adventure Continues မှာ ပထမဆုံးပါဝင်ခဲ့ပြီး ၂၀၁၈ ခုနှစ်မှာ Heaven May ကိုယ်ပိုင်ဖက်ရှင်အမှတ်တံဆိပ်ကို ထုတ်ခဲ့ပါတယ်။

သီလိန် လီနာက စီးပွားရေးလုပ်ငန်းရှင် ဘာဂျမင် အက်တယ်နဲ့ တွဲနေပြီး စေ့စပ်ထားတယ်လို့လည်း သတင်းထွက်ရှိထားပါတယ်။

Ref: Meet French model Thylane Blondeau, ‘the most beautiful girl in the world’ at age six

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top