စိတ်လှုပ်ရှားစရာကောင်းတဲ့နာမည်နဲ့ထွက်လာမယ့် ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားသစ်

My-Post-3.jpg

မကြာခင်လပိုင်းအတွင်းမှာထွက်ရှိလာမယ့် ဂျိမ်းစ်ဘွန်းရုပ်ရှင်အသစ်ကတော့ ဗြိတိန်သရုပ်ဆောင် ဒန်နီရယ်လ် ခရိတ်ချ် (Daniel Craig) ကို ဂျိမ်းစ်ဘွန်းအဖြစ် နောက်ဆုံးမြင်တွေ့ရမယ့်ရုပ်ရှင်ဖြစ်လာမှာပါ။

ဒါရိုက်တာဖြစ်သူ ကာရီ ဂျော့ဂျီ ဖူကူနာဂါကလည်း ဂျိမ်းစ်ဘွန်းခေတ်တစ်ခုရဲ့အဆုံးသတ်ဖြစ်နေတဲ့ဒီရုပ်ရှင်ကို အမှတ်ထင်ကျန်ရစ်လောက်အောင် ထူးထူးခြားခြားပုံစံမျိုးဖန်တီးချင်နေတာဖြစ်ပါတယ်။

ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားသစ်

ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားသစ်

ဒါကြောင့်လည်း ရုပ်ရှင်ကားနာမည်ကို ချက်ချင်းမတပ်ခဲ့တာပါ။ လပေါင်းအတော်ကြာအောင်အချိန်ယူစဉ်းစားခဲ့ပြီး နောက်ဆုံးမှာတော့ ဒီရုပ်ရှင်အတွက် မှတ်မှတ်ထင်ထင်နဲ့ သည်းထိတ်ရင်ဖိုသွားစရာနာမည်တစ်ခုကို ရသွားခဲ့ပါပြီ ။ ဟုတ်ပါတယ်.. ပရိသတ်တွေအနေနဲ့ “No Time To Die” လို့နာမည်ပေးထားတဲ့ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားအသစ်ကို ရှုစားကြရတော့မှာပါ။

ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားသစ်

ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားသစ်

ရုပ်ရှင်ရဲ့နာမည်ကို အဓိပ္ပာယ်ဖွင့်ရရင်တော့ “မသေနိုင်သေးလောက်အောင် အလုပ်ရှုပ်နေတဲ့အတွက် ငါစိတ်မကောင်းပါဘူး” ဆိုတဲ့သဘောသက်ရောက်ပါတယ်။ ဒီနာမည်က အရင်ကလျာထားခဲ့တဲ့ “Shatterhand” ဆိုတဲ့နာမည်ထက် အများကြီးပိုစိတ်လှုပ်ရှားစရာကောင်းနေသလို ကြားလိုက်တာနဲ့တင် ဇာတ်လမ်းကိုစိတ်ဝင်စားသွားစေပါတယ်။

 

တလောက ပေါက်ကြားလာခဲ့တဲ့ဇာတ်ဝင်ခန်းတစ်ခုထဲမှာလည်း ဗီလိန်ဇာတ်ကောင် (ရာမီမာလစ်ခ်) က ဂျိမ်းစ်ဘွန်း (ဒန်နီရယ်လ်) ရဲ့ခေါင်းကို သေနတ်နဲ့တေ့ထားပြီး သူရဲ့အကြံဆိုးကြီးအကြောင်းပြောပြီးတဲ့နောက် မသေခင် ဘာပြောသွားချင်လဲလို့ မေးလိုက်စဉ်မှာ “ဒါကအတော်ဆိုးရွားပေမဲ့ ကျုပ်က သူများနဲ့မတူဘူးကိုယ့်လူရ.. လောလောဆယ်သေပစ်ရလောက်အောင်လည်း ကျုပ်အားမနေဘူးလေ” လို့ ပြန်ပြောလိုက်တာကို တွေ့ခဲ့ရပါတယ်။

ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားသစ်

ဂျိမ်းစ်ဘွန်းရုပ်ရှင်ကားသစ်

No Time to Die ရုပ်ရှင် မှာ ဒန်နီရယ်ခရိတ်ချ်၊ ရာမီမာလစ်ခ်၊ နာအိုမီဟားရစ်၊ ရပ်လ်ဖီးနန့်စ်နဲ့ ဘိုင်လီ မက်နက်ဆန်တို့ ပါဝင်သရုပ်ဆောင်ထားကြပြီး ၂၀၂၀ ဧပြီ (၈) ရက်မှာစပြီး ရုံတင်ပြသသွားမှာပါ။

ကဲ “အခုသေလိုက်ရလောက်အောင် ငါအားမနေဘူး” လို့ ပြောလိုက်တဲ့ ဂျိမ်းစ်ဘွန်းရဲ့ဟန်ပန်ကို ရုပ်ရှင်ပိတ်ကားထက်မှာတွေ့ရဖို့အတွက် စောင့်လိုက်ကြရအောင်ပါ..။

Ref: Vice “The New James Bond Movie Has a Name So Dumb It’s Actually Incredible”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top