အခုအပတ်ထဲ ထွက်ရှိမယ့် Megan Thee Stallion နဲ့ BTS အဖွဲ့ဝင် RM တို့ရဲ့သီချင်းအသစ်

3.9.2024-yyl-11.jpg

ကမ္ဘာကျော်အဆိုတော် Megan Thee Stallion နဲ့ BTS အဖွဲ့ဝင် RM တို့ ပူးပေါင်းသီဆိုထားတဲ့ သီချင်းအသစ်က အခုအပတ်ထဲ ထွက်ရှိတော့မှာဖြစ်ပါတယ်။ Neva Play အမည်ရတဲ့ သီချင်းအသစ်ကို စက်တင်ဘာ ၆ ရက်နေ့မှာ ထွက်ရှိမှာပါ။ Megan က RM နဲ့ပတ်သက်ပြီး အခုလို ရက်ပ်စတိုင်မျိုးကို အရင်က မကြားဖူးခဲ့ဘူးလို့ စနောက်ပြောဆိုခဲ့ပါသေးတယ်။

Megan ဟာ ၂၀၂၁ ခုနှစ်က BTS အဖွဲ့ရဲ့ Butter သီချင်းမှာလည်း သီဆိုခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်တုန်းက YouTube vlog တစ်ခုနဲ့ သူတို့အဖွဲ့နဲ့ အလုပ်တွဲလုပ်တာနဲ့ပတ်သက်ပြီးဆွေးနွေးတော့ နောက်ထပ်သီချင်းဖန်တီးတဲ့အခါတိုင်း ပိုကောင်းတာကို လုပ်ရမှာပဲ၊ Video တစ်ပုဒ် ဖန်တီးတော့မယ်၊ ဖြစ်လာတော့မယ်လို့ ခံစားမိကြောင်း Megan က ပြောခဲ့ဖူးပါတယ်။

Ref: Megan Thee Stallion and BTS’ RM to drop new single this week

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top