ဆင်သားပေါက်တစ်ကောင်ကို ကယ်တင်ဖို့ ကြိုးစားရင်း ဆင်(၁၁)ကောင် သေဆုံး

intl03.jpg

ထိုင်းနိုင်ငံ ခေါင်ယိုင်အမျိုးသားဥယျာဉ်ထဲက ရေတံခွန်မှာ ဆင်သားပေါက်တစ်ကောင်ကို ကယ်တင်ဖို့ ကြိုးစားရင်း ဆင်(၁၁)ကောင် သေဆုံး ခဲ့ပါတယ်။ ပြီးခဲ့တဲ့စနေနေ့က ဟူနာရော့ရေတံခွန်မှာ ပိတ်မိနေတဲ့ (၃)နှစ်သားအရွယ် ဆင်သားပေါက်ကို ကယ်တင်ဖို့ ကြိုးစားရင်း အရွယ် ရောက်ပြီးသား ဆင်တွေသေဆုံးခဲ့တာလို့ အာဏာပိုင်တွေက ဆိုပါတယ်။ အစောပိုင်းက ဆင်သားပေါက်အပါအဝင် ဆင်ခြောက် ကောင် သေဆုံးနေတာကို တွေ့ရှိခဲ့ပြီး နောက်တစ်ရက်အကြာမှာပဲ မောင်းသူမဲ့ယာဉ် အသုံးပြုရှာဖွေရာမှာ နောက်ထပ် ဆင် သေကောင်(၅) ကောင် တွေ့ရှိခဲ့တာပါ။ ဒီဖြစ်ရပ်မှာ သေဆုံးခဲ့တဲ့ ဆင်တွေအားလုံးဟာ ပေ ၅၀၀ နီးပါးမြင့်တဲ့ ရေတံခွန်ကနေ ပြုတ်ကျသေဆုံးခဲ့တာလို့ ဆိုပါတယ်။

ဒီဖြစ်ရပ်ဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသား ဥယျာဉ်တစ်ခု အတွင်း ဆင်အများဆုံးသေဆုံးခဲ့တဲ့ ဖြစ်ရပ်လို့ အရာရှိတွေက ဆိုပါတယ်။
ခေါင်ယိုင်အမျိုးသားဥယျာဉ်အရာရှိတွေက အဲဒီဆင်အုပ်ထဲက ဆင်(၂)ကောင်ကိုတော့ ကယ်တင်နိုင်ခဲ့ပါတယ်။ အဲဒီဆင်(၂)ကောင်က ရေတံခွန်ရဲ့ တခြားဘက်မှာ ရှေ့တိုးရခက်၊ နောက်ဆုတ်ရခက် ဖြစ်နေတုန်း ကယ်တင်နိုင်ခဲ့တာလို့ ဆိုပါတယ်။ အခုအချိန်မှာတော့ ဆင် သေကောင်တွေကို စမ်းချောင်းထဲကနေ ဖယ်ရှားနေကြပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top