Galaxy A57 5G နှင့် A37 5G တွင် သေသပ်လှပသော ဒီဇိုင်း၊ စွမ်းအားမြင့်မားသော ကင်မရာစနစ် နှင့် အဆင့်မြှင့်တင်ထားသည့် Awesome Intelligence တို့ ပါဝင်သောကြောင့် အသုံးပြုသူများအနေဖြင့် နေ့စဉ်ဘဝတွင် ယုံကြည်မှု အပြည့်ဝဖြင့် အသုံးပြုနိုင်
Samsung Electronics ကနေ နောက်ဆုံးပေါ် Galaxy A Series အသစ်များဖြစ်တဲ့ Galaxy A57 5G နဲ့ Galaxy A 37 5G တို့ကို မကြာသေးခင်ကပဲ မိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး မြန်မာနိုင်ငံမှာလည်း အတန်းဆုံး စျေးနှုန်း၊ အထူးခံစားခွင့်တွေနဲ့အတူ ဝယ်ယူရရှိနိုင်ပြီဖြစ်ပါတယ်။ ယခု Galaxy A Series အသစ်မှာ AI စွမ်းဆောင်ရည်များကို စမတ်ဖုန်းအမျိုးအစားအစုံအလင်မှာ ပိုမိုကျယ်ပြန့်စွာ အသုံးပြုနိုင်စေဖို့နဲ့ နေ့စဉ်လုပ်ငန်းဆောင်တာများကို ရိုးရှင်းလွယ်ကူစေမယ့် AI နည်းပညာရဲ့ အကျိုးကျေးဇူးများကို အသုံးပြုသူတွေ ပိုမိုလက်လှမ်းမီစေဖို့ Samsung ရဲ့ အလေးထားဆောင်ရွက်မှုကိုလည်း တွေ့မြင်ရမှာပါ။ Galaxy A57 5G နဲ့ Galaxy A37 5G တို့မှာ စွမ်းဆောင်ရည်၊ ကင်မရာနှင့် မျက်နှာပြင်ပြသမှုအပိုင်းတို့ကို အဆင့်မြှင့်တင်ထားတဲ့အပြင် ခိုင်ခံ့မှုနှင့် လုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက်များကိုပါ ဖြည့်ဆည်းပေးထားတာကြောင့် အသုံးပြုသူများအတွက် နေ့စဉ်မှီခိုအားထားရတဲ့ သုံးစွဲမှုအတွေ့အကြုံများကို ပိုမိုကောင်းမွန် ခိုင်မာစေမှာဖြစ်ပါတယ်။ OS Upgrades ကိုလည်း (၆) ကြိမ်အထိ ရရှိနိုင်မှာဖြစ်ပြီး ရေရှည်လုံခြုံရေးဆိုင်ရာ ပံ့ပိုးမှုများလည်း ပေးအပ်သွားမှာဖြစ်တာကြောင့် ယခု Galaxy A series အသစ်ကို ရေရှည်ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာပါ။ Galaxy A57 5G ကတော့ ပိုမိုပါးလွှာသေသပ်တဲ့ ဒီဇိုင်းနဲ့အတူ ပိုမိုကောင်းမွန်တဲ့ AI စွမ်းဆောင်ရည်တွေ ပါဝင်လာတာကြောင့် ယနေ့အထိ ထွက်ရှိသမျှ Galaxy A series တွေထဲမှာ စွမ်းဆောင်ရည်အမြင့်မားဆုံး ဖြစ်လာပါတယ်။
“ယခုထွက်ရှိလာတဲ့ Galaxy A series အသစ်ဟာ နောက်ဆုံးပေါ် ဆန်းသစ်တီထွင်မှုတွေကို Galaxy အသုံးပြုသူတွေဆီ ပိုမိုကျယ်ပြန့်စွာ ပံ့ပိုးပေးခြင်းအားဖြင့် AI နည်းပညာကို လူတိုင်းလက်လှမ်းမီစေဖို့ ကျွန်တော်တို့ရဲ့ စဉ်ဆက်မပြတ် ကြိုးပမ်းမှုကို ထင်ဟပ်စေပါတယ်။ Samsung ရဲ့ အခြေခံကျတဲ့ နည်းပညာစွမ်းဆောင်ရည်တွေနဲ့ ပိုမိုပြည့်စုံလာတဲ့ Awesome Intelligence တို့ ပေါင်းစပ်ထားတဲ့အတွက် Galaxy A57 5G နဲ့ Galaxy A37 5G တို့ဟာ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ အသုံးပြုသူတွေအတွက် ယုံကြည်စိတ်ချရတဲ့ နေ့စဉ်စွမ်းဆောင်ရည်တွေကို ပေးစွမ်းသွားမှာဖြစ်သလို AI နည်းပညာ ပိုမိုလျင်မြန်စွာ ပြန့်နှံ့လာစေဖို့ကိုလည်း တွန်းအားပေးသွားမှာ ဖြစ်ပါတယ်။” လို့ Samsung Electronics ရဲ့ အမှုဆောင်အရာရှိချုပ်၊ ဥက္ကဋ္ဌနှင့် Device eXperience (DX) ဌာန၏ အကြီးအကဲဖြစ်သူ TM Roh က ပြောကြားခဲ့ပါတယ်။
Awesome Intelligence နည်းပညာအပါအဝင် စွမ်းရည်မြင့် လုပ်ဆောင်ချက် တွေ ပါဝင်လာတဲ့ Galaxy A57 5G နှင့် Galaxy A37 5G တို့ကို ၂၀၂၆ ခုနှစ် ဧပြီလ (၄) ရက်နေ့မှ (၂၂) ရက်နေ့အတွင်း ဝယ်ယူမယ်ဆိုရင်တော့ အောက်ပါ အထူးခံစားခွင့်နဲ့ လက်ဆောင်တွေ ရရှိနိုင်မှာပါ။
- (၂) သိန်းကျပ်တန်ဖိုးရှိ Double Storage Upgrade ကို လက်ဆောင်ပေးအပ်သွားမှာဖြစ်ပါတယ်။
- Samsung ကနေ ပေးအပ်သွားမယ့် Official Warranty ကိုလည်း (၂) နှစ်အထိ ရရှိသွားနိုင်ဦးမှာပါ။
- (၃) သိန်းကျပ် ကျော် တန်ဖိုးရှိတဲ့ Samsung Care+ အကာအကွယ်ကိုလည်း ဝယ်ယူတဲ့နေ့မှစပြီး (၁၂) လအတွင်း ရရှိနိုင်မှာဖြစ်ပါတယ်။
- အတိုးမဲ့ အရစ်ကျ ပေးချေနိုင်မယ့် အစီအစဉ်အနေနဲ့လည်း AYA PAY ရဲ့ Buy Now Pay Later အစီအစဉ် နဲ့ (၆) လ အတိုးမဲ့ အရစ်ကျ ဝယ်ယူနိုင်မှာပါ။
Galaxy A57 5G နှင့် Galaxy A37 5G ကို နီးစပ်ရာ Samsung Showroom နဲ့ Samsung ရဲ့ တရားဝင် အရောင်းကိုယ်စားလှယ်ဆိုင်ကြီးများမှာအပြင် Samsung ရဲ့ တရားဝင် eStore ကနေလည်း ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး အောက်ပါ ဈေးနှုန်းနဲ့ အရောင်များအတိုင်း ရွေးချယ်ဝယ်ယူ ရရှိနိုင်မှာပါ။
- Galaxy A57 5G (12/256GB) – ၂,၄၆၅,၀၀၀ ကျပ် (၂ သိန်းကျပ်တန်ဖိုးရှိ Double Storage Upgrade ပါဝင်ပြီး)
- Samsung eStore မှ Galaxy A57 5G ဝယ်ယူရန်လင့်ခ် – https://bit.ly/4vaRJw2
- ရရှိနိုင်မည့်အရောင်များ – Awesome Navy၊ Awesome Gray၊ Awesome Icyblue၊ Awesome Lilac
- Galaxy A37 5G (8/256GB) – ၁,၉၂၈,၀၀၀ ကျပ် (၂ သိန်းကျပ်တန်ဖိုးရှိ Double Storage Upgrade ပါဝင်ပြီး)
- Galaxy A37 5G (8/128GB) – ၁,၆၉၇,၀၀၀ ကျပ် (၂ သိန်းကျပ်တန်ဖိုးရှိ Double Storage Upgrade ပါဝင်ပြီး)
- Samsung eStore မှGalaxy A37 5G ဝယ်ယူရန်လင့်ခ် – https://bit.ly/4vaiAs2
- ရရှိနိုင်မည့်အရောင်များ -Awesome Lavender၊ Awesome Charcoal၊ Awesome Graygreen၊ Awesome White
နောက်ဆုံးပေါ် One UI 8.5 စနစ် ပါဝင်လာတဲ့ Galaxy A57 5G နဲ့ A37 5G တို့ဟာ ပိုမိုကောင်းမွန်တဲ့ “Awesome Intelligence” ကို အသုံးပြုသူတွေဆီ ယူဆောင်လာပေးပြီး လုပ်ငန်းဆောင်တာတွေနဲ့ တီထွင်ဖန်တီးမှုတွေကို သိသိသာသာ မြှင့်တင်ပေးမှာ ဖြစ်ပါတယ်။ ဒီ Galaxy A Series အသစ်တွေမှာ အစည်းအဝေး၊ စာသင်ယူမှု စတာ တွေရဲ့ မှတ်တမ်းတွေကို စာသားအဖြစ် အလိုအလျောက်ပြောင်းပေးမယ့် Voice Transcription၊ အကြောင်းအရာတွေကို လွယ်ကူစွာ ထုတ်ယူနိုင်တဲ့ AI Select နဲ့ ပစ္စည်းအမျိုးမျိုးကို တစ်ပြိုင်နက် ရှာဖွေနိုင်တဲ့ Circle to Search တို့လို ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ ဒါ့အပြင် Object Eraser၊ Best Face နဲ့ Auto Trim တို့လို AI သုံး ဓာတ်ပုံနဲ့ ဗီဒီယို ပြင်ဆင်မှုစနစ်တွေအပြင် ပိုမိုကောင်းမွန်လာတဲ့ Bixby နဲ့ Gemini တို့ကလည်း နေ့စဉ်လူနေမှုဘဝကို ပိုမိုရိုးရှင်းလွယ်ကူအောင် ကူညီပေးသွားမှာ ဖြစ်ပါတယ်။
Galaxy A Series အသစ်တွေမှာ အဆင့်မြှင့်တင်ထားတဲ့ Hardware နဲ့ AI နည်းပညာသုံး ပုံရိပ်ဖမ်းယူမှုစနစ်တွေကို ပေါင်းစပ်ပေးထားပြီး 50MP ပင်မကင်မရာ အပါအဝင် ကင်မရာသုံးလုံးစနစ်နဲ့ မိုဘိုင်းလ်ဓာတ်ပုံရိုက်ကူးမှုကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။ အလင်းရောင်အားနည်းတဲ့ အခြေအနေမှာတောင် ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေကို ရရှိစေမယ့် Nightography စနစ်နဲ့ လျင်မြန်တဲ့ Shutter Speed တို့ကြောင့် မည်သည့်အချိန်မှာမဆို တောက်ပစိုပြည်တဲ့ ပုံရိပ်တွေကို ရိုက်ကူးနိုင်မှာပါ။ ဒါ့အပြင် AI သုံး လူနဲ့ နောက်ခံ ခွဲခြားမှုစနစ်၊ မြင်ကွင်းကျယ် Ultra-wide Lens နဲ့ အနီးကပ်ရိုက်ကူးနိုင်မယ့် 5MP Macro ကင်မရာတို့ ပါဝင်တာကြောင့် Portraits အလှဓာတ်ပုံတွေ နဲ့ ရှုခင်းပုံတွေကိုပါ ပရော်ဖက်ရှင်နယ်ဆန်ဆန် လွယ်ကူစွာ ဖန်တီးနိုင်မှာ ဖြစ်ပါတယ်။
Galaxy A57 5G နဲ့ A37 5G တို့မှာ ပိုမိုကောင်းမွန်လာတဲ့ CPU၊ GPU နဲ့ NPU တို့ကို အသုံးပြုထားတာကြောင့် ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းနဲ့အတူ စွမ်းဆောင်ရည်အပြည့်နဲ့ အသုံးပြုနိုင်မှာဖြစ်ပြီး Streaming ကြည့်ရှုမှုများနဲ့ Content ဖန်တီးမှုတွေအတွက်ပါ အထူးသင့်လျော်ပါတယ်။ ပါးလွှာတဲ့ ကိုယ်ထည်ရှိပေမဲ့ 5,000mAh ဘက်ထရီ၊ Super Fast Charging 2.0 စနစ်တို့ ပါဝင်သလို IP68 အဆင့် ရေစိုဖုန်စုပ်ဒဏ်ခံနိုင်ရည်ရှိတာကြောင့် နေ့စဉ်လူနေမှုဘဝမှာ ယုံကြည်စိတ်ချစွာ အသုံးပြုနိုင်မှာပါ။ ဒါ့အပြင် OS နဲ့ လုံခြုံရေးဆိုင်ရာ Update တွေကို ၆ ကြိမ် (၆ နှစ်) အထိ ပံ့ပိုးပေးသွားမှာဖြစ်ပြီး Knox Vault၊ Auto Blocker နဲ့ Privacy Alerts တို့လို အဆင့်မြင့်စနစ်တွေပါဝင်တာကြောင့် အသုံးပြုသူတွေရဲ့ အချက်အလက်တွေကိုလည်း အကောင်းဆုံး ကာကွယ်ပေးထားမှာ ဖြစ်ပါတယ်။
နောက်ဆုံးပေါ် Galaxy S26 Series ဖုန်းများအပါအဝင် Samsung ရဲ့ နောက်ဆုံးပေါ် Galaxy ထုတ်ကုန်တွေနဲ့ပတ်သတ်ပြီး အချိန်နဲ့ တပြေးညီသိရှိလိုရင်တော့ Samsung Myanmar ရဲ့ တရားဝင် Website နဲ့ Facebook စာမျက်နှာများမှာလည်း ဝင်ရောက်ကြည့်ရှုမေးမြန်းနိုင်မှာဖြစ်ပါတယ်။
#Samsung #GalaxyA57 #GalaxyA37 #GalaxyAI
NZ (ရိုးရာလေး)

