မှာယူတဲ့နေရာအရောက် အခမဲ့ပို့ဆောင်ပေးမယ့် ဝန်ဆောင်မှုစတင်

foodpanda01.jpg

နိုင်ငံတကာအွန်လိုင်းအစားအသောက်သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းဖြစ်တဲ့ Foodpanda က ရန်ကုန်မှာရှိတဲ့ စားသောက်ဆိုင်ပေါင်း ၁၀၀၀ ကျော်က စားသောက်ဖွယ်ရာတွေကို မှာယူသူတွေထံ အချိန်တို အတွင်း အရောက်ပို့ဆောင်ပေးသွားမယ့် ဝန်ဆောင်မှုကို စတင်မိတ်ဆက်လိုက်ပါတယ်။
အဲဒီဝန်ဆောင်မှု စတင်မိတ်ဆက်ပွဲကိုတော့ ဇန်နဝါရီ ၂၁ ရက်၊ ညနေပိုင်းက Times City Outdoor Area မှာ ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ ကုန်သည် များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဦးသောင်းတင်လည်း တက်ရောက်ပေးခဲ့ပါတယ်။

အခုလို ဝန်ဆောင်မှုပေးရာမှာ စားသောက်ဖွယ်ရာတွေကို ဘယ်လောက်ပဲမှာယူတာဖြစ်စေ ပို့ဆောင်ခ အခမဲ့နဲ့ မနက် ၈ နာရီကနေ ည ၁၀ နာရီထိ ဝန်ဆောင်မှုပေးသွားမှာဖြစ်သလို ဈေးနှုန်းကလည်း ဆိုင်မှာ သွားရောက်စားသုံးတဲ့ ဈေးနှုန်းနဲ့ပဲ ပေးချေရမှာ ဖြစ်ပါတယ်။ ”အစားအသောက် ရောက်ရှိမှသာ ငွေပေးချေရတဲ့ စနစ်ဖြစ်တဲ့အတွက် ပိုက်ဆံကြိုပေးမိတာတွေ၊ အစားအသောက် ရောက်မလာတာ တွေလည်း စိုးရိမ်စရာမလိုတော့ဘူး”လို့ Foodpanda Myanmar ရဲ့ မန်နေဂျင်း ဒါရိုက်တာ ကိုဇေယျာမင်းက ပြောပါတယ်။

Foodpanda ကနေ အစားအသောက်မှာယူလိုသူတွေဟာ Foodpanda ဝက်ဘ်ဆိုဒ် ဒါမှမဟုတ် iOS နဲ့ Andriod အက်ပလီကေးရှင်းတွေကနေတစ်ဆင့် မိမိလက်ရှိတည်နေရာကို ထည့်သွင်းပြီး မှာယူစားသောက်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီလို မိမိရဲ့တည်နေရာကို ထည့်သွင်းလိုက်တာနဲ့ အနီးအနားက မှာယူနိုင်တဲ့ စားသောက်ဆိုင် စာရင်းတွေကိုလည်း တွေ့မြင်နိုင်မှာဖြစ်ပြီး အက်ပလီကေးရှင်းကိုတော့ Foodpanda ဝက်ဘ်ဆိုဒ် ကနေ Download ဆွဲယူနိုင်မှာ ဖြစ်ပါတယ်။

အခုလို မြန်မာနိုင်ငံရဲ့ ဈေးကွက်ကို စတင်ဝင်ရောက်လာတဲ့ Foodpanda ဟာ အာရှနိုင်ငံတွေမှာလည်း စားသောက်ဆိုင်ပေါင်း တစ်သိန်းကျော်နဲ့ ချိတ်ဆက် ပြီး ဝန်ဆောင်မှုပေးနေတဲ့ နိုင်ငံတကာအွန်လိုင်း အစား အသောက် သယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခု ဖြစ်ပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top