ဒီဇင်ဘာ ၆ ရက်နေ့က နေအိမ်ရှိ ရေချိုးခန်းအတွင်း သေဆုံးနေတာကို တွေ့ရှိခဲ့ရတဲ့ ဂျပန်အဆိုတော်မင်းသမီး မီဟို နာခါရာမရဲ့အလောင်းခွဲစိတ်မှုရလဒ်ထွက်ရှိလာခဲ့ပါတယ်။ သူ့ရဲ့အေဂျင်စီ Big Apple က တရားဝင်ဝဘ်ဆိုဒ်မှာ အလောင်းခွဲစိတ်စစ်ဆေးမှုရလဒ်ကို ဒီဇင်ဘာ ၈ ရက်နေ့က ဖော်ပြခဲ့တာပါ။ မီဟိုသေဆုံးရတာက အသတ်ခံရတာမျိုးမဟုတ်ဘဲ ရေချိုးရင်း မတော်တဆမှုဖြစ်ပြီး သေဆုံးရတာဖြစ်တယ်လို့ ဆိုထားပါတယ်။
“သေဆုံးရတဲ့အကြောင်းအရင်းက သူ ရေချိုးနေစဉ် မထင်မှတ်ထားဘဲ ဖြစ်ပေါ်လာတဲ့ မတော်တဆမှုတစ်ခုကြောင့်ဖြစ်ပါတယ်။ ဒီရုတ်တရက်ဖြစ်ရပ်အတွက် ကျွန်တော်တို့ အတော်လေးဝမ်းနည်းကြေကွဲမိပြီး သူနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လက်ခံရရှိခဲ့တဲ့ အကြင်နာတရားနဲ့ ဂရုစိုက်မှုတွေအတွက် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းဖော်ပြလိုပါတယ်”လို့ အေဂျင်စီက ရေးသားခဲ့ပါတယ်။
ဆက်စပ်သတင်းဖတ်ရှုရန် – ဂျပန်အဆိုတော်မင်းသမီး မီဟို နာခါရာမကို ရေချိုးခန်းအတွင်း လဲကျသေဆုံးလျက်တွေ့ရှိ
https://yoyarlay.com/japanese-actress-miho-nakayama…/
Ref: Miho Nakayama killed in accident, autopsy reveals
WL (ရိုးရာလေး)