ပါကစ္စတန်စစ်တပ်ကို အံတုပြီး ဆန္ဒပြပွဲတွေကို ဦးဆောင်ခဲ့သူ ဖမ်းဆီးခံရ

yyl-006-15.jpg

ပါကစ္စတန်စစ်တပ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေလုပ်ခဲ့တယ်လို့ စွပ်စွဲတဲ့ ဆန္ဒပြပွဲတွေကို ဦးဆောင်ဦးရွက်လုပ်ခဲ့သူဟာ ပြစ်မှုမြောက်တဲ့ ပူးပေါင်းကြံစည်မှု၊ ဆူပူအုံကြွအောင် လှုံ့ဆော်မှု စတဲ့ စွဲချက်တွေနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။ မန်ဆော်ပက်ရှ်တင်းဟာ ပက်ရှ်တန်းကာကွယ်ရေးလှုပ်ရှားမှု (Pashtun Protection Movement-PTM) မှာ ပါဝင်တဲ့ တခြားသူ ၉ ယောက်နဲ့အတူ ပက်ရှာဝါမြို့မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ ပါကစ္စတန်နိုင်ငံတစ်ဝန်းက မြို့တွေမှာ ကျင်းပခဲ့တဲ့ စုဝေးပွဲတွေမှာ လူသောင်းချီ ပါဝင်လာအောင် ပက်ရှ်တင်းက စည်းရုံးနိုင်ခဲ့ပါတယ်။

တိရစ္ဆာန်မွေးမြူရေးနဲ့ ကုသရေး ကျောင်းသားဟောင်းတစ်ယောက်ဖြစ်တဲ့ ပက်ရှ်တင်းဟာ လွန်ခဲ့တဲ့(၂)နှစ်က စတင်ကျော်ကြားလာခဲ့ပြီး PTM မှာ ဦးဆောင်လှုပ်ရှားသူတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ပါကစ္စတန်နိုင်ငံဟာ စစ်တပ်အပေါ် ပြောင်ပြောင်တင်းတင်း စိန်ခေါ်မှုမျိုး အလွန်နည်းပါတယ်။ ကရာချိမြို့မှာ ပက်ရှ်တန်းမျိုးနွယ်ဝင် လူငယ်တစ်ယောက်ကို ရဲတပ်ဖွဲ့က ဥပဒေမဲ့ သတ်ခဲ့ပြီးနောက်မှာ အကြမ်းမဖက်တဲ့ ဆန္ဒပြပွဲတွေ စတင်ပေါ်ပေါက်လာခဲ့တာပါ။ အဲဒီနောက်မှာတော့ PTM လှုပ်ရှားမှုဟာ ပါကစ္စတန်နိုင်ငံ အနောက်မြောက်ပိုင်းမှာ အစ္စလာမ်အစွန်းရောက်လက်နက်ကိုင်တွေကို ထိုးစစ်ဆင်နွှဲခဲ့ချိန်အတွင်း ပက်ရှ်တန်းမျိုးနွယ်ဝင်တွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုအတွက် ပါကစ္စတန်စစ်တပ်မှာ တာဝန်ရှိတယ်လို့ တောင်းဆိုခဲ့ပါတယ်။ ပက်ရှ်တင်းဟာ လူ့အခွင့်အရေးရပိုင်ခွင့်တွေကို တောင်းဆိုတဲ့အတွက် အပြစ်ပေးခံခဲ့ရတာလို့ တခြားဆန္ဒပြခေါင်းဆောင်တစ်ယောက်က ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top