အသက် ၃၃ နှစ်အရွယ် အဆိုတော်မင်းသမီး မိုင်လေဆိုင်းရပ်စ်က အသက် ၂၇ နှစ်အရွယ် ချစ်သူကောင်လေးအဆိုတော် မက်ဇ် မိုရန်ဒိုနဲ့ ၄ နှစ်ကြာတွဲခဲ့ပြီးနောက် စေ့စပ်လိုက်တယ်လို့ သိရပါတယ်။ Avatar: Fire and Ash ဇာတ်ကားအထူးပြပွဲရဲ့ အနီရောင်ကော်ဇောထက် လျှောက်လှမ်းခဲ့တဲ့အချိန် အခုအပတ်အစောပိုင်းမှာ သူတို့စုံတွဲ စေ့စပ်လိုက်ပြီဆိုတဲ့ ပြောဆိုခန့်မှန်းချက်တွေ ထွက်ပေါ်ခဲ့တာပါ။
ဇာတ်ကားအထူးပြပွဲမှာ မိုင်လေနဲ့ မက်ဇ်တို့အတူရိုက်ထားတဲ့ဓာတ်ပုံမှာ မိုင်လေရဲ့လက်မှာ စိန်ပွင့်တစ်ပွင့်နဲ့ ရွှေလက်စွပ်ကို ဝတ်ဆင်ထားတာမြင်တွေ့ခဲ့ရပါတယ်။ နောက်ပိုင်းကျမှ မိုင်လေရဲ့ပြောရေးဆိုခွင့်ရှိသူက ဒီစေ့စပ်လက်စွပ်ကို ဒီဇိုင်နာ Jacquie Aiche က စိတ်ကြိုက်ပြုလုပ်ပေးခဲ့တာဖြစ်တယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ မိုင်လေရဲ့လက်စွပ်က ၁၄ ကာရက်ရှိတဲ့စိန်နဲ့ရွှေလက်စွပ်ဖြစ်တယ်လို့လည်း ဆိုထားပါတယ်။
မက်ဇ်ရဲ့အဖေဖြစ်သူ ဒန် မိုရန်ဒိုကလည်း သူတို့စုံတွဲကို ဂုဏ်ပြုကြောင်းစာစောင်တင်ခဲ့ပါသေးတယ်။ ဒါပေမဲ့ မိုင်လေနဲ့ မက်ဇ်တို့ကတော့ သူတို့စေ့စပ်လိုက်တာနဲ့ပတ်သက်ပြီး လူသိရှင်ကြားအသိပေးထားတာမရှိသေးပါဘူး။
မိုင်လေက မင်းသားလီယမ်ဟမ်းစ်ဝါ့သ်နဲ့ ၂၀၁၈ ခုနှစ်မှာ လက်ထပ်ခဲ့ကြပြီး ၂၀၂၀ ခုနှစ်မှာ ကွာရှင်းခဲ့ကြတာပါ။
Ref: Miley Cyrus and Maxx Morando are now engaged
WL (ရိုးရာလေး)

