ကမ္ဘာ့အသက်အငယ်ဆုံး Motivational Speaker ကောင်လေး

speaker.jpg

ကလက်ဘ် စတီဝက်တ် ဆိုတဲ့ ကောင်လေးဟာ အသက် ၃ နှစ်နဲ့ ၃၀၇ ရက်မှာ ကမ္ဘာ့အသက်အငယ်ဆုံး Motivational Speaker အဖြစ် ကမ္ဘာ့ဂင်းနက်စ်စံချိန်တင်ခဲ့တာပါ။ အခု သူဟာအသက် ၁၁ နှစ်ရှိပြီဖြစ်ပြီး လူကြားထဲ သူ ပထမဆုံး ဟောပြောခဲ့တဲ့အချိန်ကို ဖွင့်ဟထားပါတယ်။

သူဟာ ဖလော်ရီဒါပြည်နယ်၊ တယ်လာဟဆီးလ်မြို့က the ALARM International Church မှာ ပထမဆုံးဟောပြောခဲ့တာပါ။ အဲ့ဒီအချိန်မှာ လူတိုင်းက သူ့ဘက် ရှိပေးခဲ့တယ်။ သူ့ကိုယ်သူလည်း ဂုဏ်ယူတဲ့စိတ်ဖြစ်ခဲ့တယ်။ လူတိုင်းအပေါ် သက်ရောက်မှုဖြစ်စေပြီး စိတ်ဓာတ်ခွန်အားဖြစ်စေခဲ့တာကို မြင်ရတဲ့အတွက် ကျေနပ်ခဲ့တယ်လို့ သူက ဆိုထားပါတယ်။

ဒုတိယတစ်ခေါက် ဟောပြောခဲ့တာကတော့ Raa Middle School မှာ Teacher Training Event အတွင်းပါ။ သူဟာ စာဖတ်ခြင်းနဲ့ ရည်မှန်းချက်ကြီးကြီးထားခြင်းရဲ့အကျိုးအကြောင်း ပြောခဲ့တာပါ။ သူ့ရဲ့ကိုယ်ပိုင်ဟောပြောစကားတွေအားလုံးကို ရေးသားတဲ့ ကလက်ဘ်က စာသင်ကျောင်းတွေ၊ ဘုရားကျောင်းတွေနဲ့ ပွဲအခမ်းအနားတွေမှာ အခြားကလေးတွေကို ရည်မှန်းချက်ရအောင်ယူဖို့ တိုက်တွန်းရင်း ဆက်လက်ဟောပြောခဲ့ပါတယ်။

သူ့ရဲ့ဟောပြောချက်တွေကို နားထောင်တဲ့သူတွေအတွက် သူ့ရဲ့အဓိကအကြံပေးချက်အနေနဲ့ကတော့ “ကိုယ် တော်တဲ့အရာတစ်ခုခုကို ရှာပြီး အဲ့ဒီအတွက် ကြိုးစားအားထုတ်ပါ”တဲ့။

Ref: Boy, Who Became World’s Youngest Motivational Speaker, Recalls His First Speech at Age 3 — and What His Go-to Advice Is Now

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top