သောက်ရေအတွက် ကိုယ်တိုင်ရေတွင်းတူးတဲ့ ချင်ပန်ဇီများ

15-7-2022-21.jpg

ချင်ပန်ဇီမျောက်တွေက ဉာဏ်ရည်ဉာဏ်သွေး မြင့်မားကြပြီး ပစ္စည်းကိရိယာတွေကို ဘယ်လိုအသုံးပြုရမလဲဆိုတာ လေ့လာနိုင်စွမ်း ရှိကြပါတယ်။ အသံပုံစံမျိုးစုံနဲ့လည်း ဆက်သွယ်နိုင်ကြပါတယ်။ အခုအခါမှာတော့ အာဖရိကအရှေ့ပိုင်းက ချင်ပန်ဇီတွေ ရေတွင်းတူးတတ်နေပြီဆိုတာကို သုတေသီတွေက လေ့လာတွေ့ရှိခဲ့ပါတယ်။

၂၀၁၅ ခုနှစ်မှာ သူတို့အဖွဲ့ဆီ ရောက်လာတဲ့ ချင်ပန်ဇီမတစ်ကောင်ရဲ့ အပြုအမူကို အတုယူပြီး အာဖရိကအရှေ့ပိုင်းက ခင်ပန်ဇီတွေ ရေတွင်းတူးတတ်သွားကြတာပါ။ အွန်ယိုဖီလို့ အမည်ပေးထားတဲ့ ချင်ပန်ဇီမဟာ သောက်ရေအတွက် ကိုယ်တိုင်ရေတွင်းတူးလေ့ရှိတဲ့ ချင်ပန်ဇီမျိုးစုကနေ လာတာဖြစ်မယ်လို့ သုတေသီတွေက ယုံကြည်ထားကြပါတယ်။

အွန်ယိုဖီရဲ့ အပြုအမူကို တုပပြီး အခြားချင်ပန်ဇီအမတွေက ရေတွင်းလိုက်တူးကြပေမဲ့ အထီးတွေကတော့ ရေတွင်းလိုက်မတူးကြပါဘူး။ချင်ပန်ဇီတွေ ရေတွင်းတူးတဲ့ အပြုအမူဟာ ကမ္ဘာကြီးပြောင်းလဲလာမှုနဲ့ လိုက်လျောညီထွေဖြစ်အောင် နေထိုင်တာလို့လည်း သုတေသီတွေက ဆိုပါတယ်။ ဒီအကြောင်းကို Science Focus စာစောင်မှာ ဖော်ပြခဲ့တာပါ။

Ref: Rainforest Chimpanzees Seen Digging Wells for the First Time

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top