တစ်နှစ်ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ သိန်းမပြည့်တဲ့ မိသားစုများမှ ကျောင်းသားတွေကို လာမယ့်ဆောင်းဦးရာသီမှစတင်ပြီး သင်တန်းကြေး ကင်းလွတ်ခွင့်ပေးသွားမယ်လို့ မက်ဆာချူးဆက်နည်းပညာသိပ္ပံ (MIT) မှ ကြေညာခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှ မိသားစု ၈၀ ရာခိုင်နှုန်းဟာ တစ်နှစ်ဝင်ငွေ ဒေါ်လာ ၂ သိန်းအောက်ပဲ ရကြတာဖြစ်လို့ အများပြည်သူ လက်လှမ်းမီတဲ့ ပညာရေးဖြစ်စေဖို့ ရည်ရွယ်လုပ်ဆောင်ခဲ့တာပါ။
အမေရိကန်နိုင်ငံမှာ ကျောင်းသားတွေ သင်တန်းကြေးပေးနိုင်၊ မပေးနိုင်ဆိုတဲ့ ငွေကြေးကဏ္ဍကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ကျောင်းအပ်လက်ခံတဲ့ ကောလိပ် ၉ ခုရှိတဲ့အနက် မက်ဆာချူးဆက်နည်းပညာသိပ္ပံလည်း ပါဝင်ပါတယ်။ မက်ဆာချူးဆက်နည်းပညာသိပ္ပံဟာ ကျောင်းသားဟောင်းတွေ လှူဒါန်းတဲ့ငွေကြေးကြောင့် အခုလို ဘဏ္ဍာရေးအကူအညီတွေ ပေးအပ်နိုင်တာဖြစ်ပါတယ်။
MIT ဟာ ကျောင်းဆင်းတွေဟာ အလုပ်အကိုင်ရရှိမှုအရ ကမ္ဘာ့နံပါတ်(၁)ချိတ်သလို အမေရိကန်ရဲ့ တခြားကောလိပ်တွေအားလုံးထက် ကျောင်းသားတွေအပေါ် ဘဏ္ဍာရေးအထောက်အပံ့ ပိုပေးနိုင်တယ်လို့ ဝေါစထရိဂျာနယ်က ထုတ်ပြန်ထားပါတယ်။ တကယ်တော့ ကောလိပ်တက်တဲ့စရိတ်ဆိုတာ မိသားစုတွေအတွက် တော်တော်လေး စဉ်းစားရတဲ့ ပမာဏမျိုးပါ။ ဒါပေမဲ့ ချမ်းသာ ဆင်းရဲမခွဲခြားဘဲ အရည်အချင်းရှိတဲ့ ကျောင်းသားတွေ ပညာသင်ကြားခွင့်ရရှိစေဖို့ အခုလိုမျိုး ပြောင်းလဲအကောင်အထည်ဖော်ခဲ့တာပါ”လို့ ပါမောက္ခချုပ် ဆာလီကွန်းဘလုက ဆိုပါတယ်။
Ref: MIT Announces Tuition-Free Education For Families Earning Under $200K
NZ ( ရိုးရာလေး)