MacBook Pro တွေသယ်ဆောင်လာခြင်းကိုတားမြစ်လိုက်တဲ့ စင်္ကာပူလေကြောင်းလိုင်း

28aug1907.jpg

စင်္ကာပူလေကြောင်းလိုင်း (SIA) က ခရီးသည်တွေအနေနဲ့ ဘက်ထရီချွတ်ယွင်းချက်ရှိနေတဲ့ (၁၅) လက်မ MacBook Pro တွေကို လေယာဉ်ခရီးစဉ်မှာသယ်ဆောင်မလာကြဖို့ SIA ရဲ့ဝက်ဘ်ဆိုက်ကနေ တရားဝင်အသိပေးချက်ထုတ်ပြန်လိုက်ပါတယ်။

ဥရောပသမဂ္ဂလေကြောင်းလုံခြုံရေးဌာန (EASA) နဲ့ အမေရိကန်ပြည်ထောင်စု ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲမှုအဖွဲ့ (FAA) တို့က MacBook မော်လ်ဒယ်အဟောင်းတွေဟာ ဘက်ထရီမီးလောင်ပေါက်ကွဲနိုင်တဲ့အတွက် လေယာဉ်ခရီးစဉ်မှာ မသယ်ဆောင်ဖို့တားမြစ်ထားခဲ့ပြီး ဘက်ထရီချွတ်ယွင်းချက်ပြင်ဆင်စရာရှိနေတဲ့ MacBook Pro တွေကိုလည်း လေယာဉ်စီးနေစဉ်မှာအသုံးမပြုဘဲ စက်ပိတ်ခိုင်းထားသင့်ကြောင်းကိုလည်း လေကြောင်းလိုင်းအားလုံးထံ တိုက်တွန်းထားပါတယ်။

Apple ကတော့ ၂၀၁၅ နဲ့ ၂၀၁၇ ခုနှစ်အတွင်းမှာရောင်းခဲ့တဲ့ (၁၅) လက်မ MacBook Pro တွေကို ဘက်ထရီအပူလွန်ကဲ မီးလောင်မှုဖြစ်နိုင်တဲ့အတွက် ပြန်ပြီးသိမ်းဆည်းကာ ဘက်ထရီအသစ်တွေကို အခမဲ့လဲလှယ်ပေးမယ် လို့ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ပြောခဲ့ပါတယ်။

အခုလို ဖြစ်စဉ်နည်းတူပဲ ၂၀၁၆ ခုနှစ်ကလည်း ဘက်ထရီပေါက်ကွဲပြီး မီးလောင်ကျွမ်းထိခိုက်မှုတွေရှိခဲ့လို့ Samsung Note 7 စမတ်ဖုန်းတွေနဲ့ HP လပ်တော့ပ်မော်လ်ဒယ်တချို့ကို ဒါဇင်နဲ့ချီတဲ့လေကြောင်းလိုင်းတွေက သယ်ယူခွင့်ပိတ်ပင်ခဲ့ဖူးပါတယ်။

Ref: CGTN “Singapore Airlines bans some older 15-inch MacBook Pro laptops from flights”
TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top