ပင့်ကူလူသားလို့ နာမည်ကြီးနေတဲ့ ကလေးငယ်

boy-spider.gif

ခန္ဓာကိုယ်ကို မယုံနိုင်စရာပုံစံမျိုး တွန့်လိမ်ပြနိုင်လို့ ပင့်ကူလူသားဆိုပြီး နာမည်ကြီးနေတဲ့ ပါလက်စတိုင်း ကလေးငယ်ဟာ ဂင်းနက်စ်စံချိန်တင်ဖို့ မျှော်မှန်းနေတယ် လို့ ဒေးလီးမေးလ်က ဖော်ပြပါတယ်။

ဂါဇာကမ်းမြှောင်ဒေသမှာ နေထိုင်တဲ့ အသက်(၁၂)နှစ်အရွယ် ကလေးငယ် အယ်လ်ရှိတ်ဟာ ကြမ်းပြင်ပေါ်မှောက်နေတဲ့အချိန်မှာ ခြေထောက်ကို ပခုံးပေါ်ကျော်တဲ့အထိ နောက်ပြန်ကွေးပြီး ကြမ်းပြင်ကို ပြန်ထိပြနိုင်သလို ပင့်ကူပုံစံမျိုးလည်း ခုန်နိုင်စွမ်းရှိသူပါ။

အယ်လ်ရှိတ်ဟာ Arabs Got Talent ပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ပြီးတဲ့နောက် ထင်ပေါ်ကျော်ကြားလာခဲ့တာဖြစ်ပြီး သူ့ရဲ့ပြကွက်တွေကို မဲပေးသူ ၁၄ သန်းရှိခဲ့ပါတယ်။ ဒါပေမဲ့ လက်ဘနွန်မှာ ကျင်းပခဲ့တဲ့ အဲဒီပြိုင်ပွဲမှာ သူ အနိုင်ရခဲ့ခြင်း မရှိပါဘူး။ သူဟာ တစ်မိနစ်အတွင်း ရင်ဘတ်ကို တည့်တည့်ထားပြီး ခန္ဓာကိုယ် တွန့်လိမ်ကောက်ကွေးမှု အများဆုံး လုပ်ပြနိုင်သူဖြစ်ခွင့်ရဖို့ ဂင်းနက်စ်အဖွဲ့ထံ လျှောက်ထားခဲ့ရာမှာ ဂင်းနက်စ်အဖွဲ့က လက်ခံခဲ့ပါတယ်။

ဂင်းနက်စ်အဖွဲ့ကို တင်ပြခဲ့တဲ့ ရုပ်သံမှတ်တမ်းမှာ အယ်လ်ရှိတ်က ရင်ဘတ်ကို ကြမ်းပြင်နဲ့ထိထားပြီး ခြေထောက်ကို ပခုံးပေါ် ပြန်လှန်ချကာ ခန္ဓာကိုယ် ပတ်ပတ်လည်ကို ခြေထောက်နဲ့ ထိပြနိုင်ခဲ့ပါတယ်။ သူဟာ တစ်မိနစ်ကို အဲဒီလိုပုံစံမျိုး အခေါက်ရေ ၃၃ ကြိမ် လုပ်ပြနိုင်ခဲ့ပြီး ခန္ဓာကိုယ် တွန့်လိမ်ကောက်ကွေးမှု အများဆုံး လုပ်ပြနိုင်သူအဖြစ် လက်ရှိစံချိန်တင်ထားသူကတော့ တစ်မိနစ်ကို ၂၉ ကြိမ်ပဲ လုပ်ပြနိုင်ခဲ့လို့ ဂင်းနက်စ်စံချိန်တင်လိုတဲ့ အယ်လ်ရှိတ်ရဲ့မျှော်လင့်ချက် ပိုအားကောင်းလာခဲ့တာ ဖြစ်ပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top