ပေါ့ဆလို့မရတဲ့ ခိုဌက်များဆီကအန္တရာယ်

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းက တောင်ဥက္ကလာမြို့နယ်မှာ နေထိုင်တဲ့ (၆)နှစ်အရွယ်ကလေးငယ်တစ်ဦဟား ခိုကတစ်ဆင့်ရောဂါကူးစက်ခံရပြီး ဦးနှောက်အမြှေးရောင်ရောဂါနဲ့ သေဆုံသွားးခဲ့ပါတယ်။

ခိုတွေရဲ့ အညစ်အကြေး၊ အမွေးအတောင်တွေကနေတစ်ဆင့် ကူးစက်နိုင်တဲ့ရောဂါတွေကတော့ အသက်ရှုလမ်းကြောင်းရောဂါ၊ ဝမ်းပျက်ဝမ်းလျောရောဂါနဲ့ ဦးနှောက်အမြှေးရောင် စတဲ့ရောဂါတွေ ဖြစ်ပါတယ်။

လူ့ခန္ဓာကိုယ်ထဲကို ခိုအညစ်အကြေးတွေ ဝင်ရောက်သွားပြီဆို (၇) ရက်ကနေ (၁၀) ရက်လောက်ကြာတဲ့အခါ ဖျားလာမယ်၊ ချမ်းတုန်လာမယ်၊ ချောင်းခြောက်တွေဆိုးလာမယ်၊ မောပန်းလာမယ်၊ ကြွက်သားအလွန်အမင်းနာကျင်တာတွေဖြစ်လာနိုင်ပါတယ်။

ခိုကြောင့်ဖြစ်တတ်တဲ့ရောဂါတွေနဲ့ ရောဂါတွေကူးစက်မခံရအာင် ဘယ်လိုကြိုတင်ကာကွယ်လို့ရလဲဆိုတာကို ရိုးရာလေးပရိသတ်တွေအတွက် ရိုက်ကူးတင်ဆက်ပေးလိုက်ပါတယ်။

Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top