အမေရိကန်ဒေါ်လာ ၅ သန်းကျော် ထီဆုငွေတွေအားလုံးကို သားသမီးတွေကို ပေးပစ်မယ့် အမျိုးသား

9.8.2024-yyl-3.jpg

မလေးရှားနိုင်ငံ၊ ပါဟန်ပြည်နယ်မှာ နေထိုင်တဲ့ အသက် ၇၇ နှစ်အရွယ် အမည်မဖော်လိုသူ ဆေးဆရာတစ်ဦးဟာ အမေရိကန်ဒေါ်လာ ၅.၂ သန်းကျော် Toto 4D ထီဆုကြီးပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီထီဆုငွေတွေကို သူ မဟုတ်ဘဲ သူ့ရဲ့သားသမီးတွေအားလုံးကို ပေးဖို့ ဆုံးဖြတ်ထားပါတယ်။

သူဟာ သူ့ဇနီးဖြစ်သူရဲ့ကားမှတ်ပုံတင်နံပါတ်တွေနဲ့တူတဲ့ 9938 နဲ့ 8388 ဆိုတဲ့ ထီလက်မှတ် ၂ စောင်ကို ဇူလိုင်လ ၂၄ ရက်နေ့က ဝယ်ယူခဲ့တာပါ။ သူက အသက်ကြီးနေပြီး ပိုက်ဆံအများကြီးမလိုအပ်တဲ့အတွက် သူ့ရဲ့ကလေးတွေကို ပေးသွားမှာဖြစ်တယ်။ သူ့ကလေးတွေက ဒီငွေတွေကို သူတို့စီးပွားရေးအတွက် အကျိုးရှိရှိအသုံးချနိုင်ပြီး သက်တောင့်သက်သာနေနိုင်မှာဖြစ်တယ်လို့ သူက ပြောပါတယ်။

သူက ထီထိုးရတာနှစ်သက်ပြီး ဒေါ်လာ ၃၇၅ System Play bonus လည်း ပေါက်ခဲ့ပါတယ်။

Ref: M’sia man, 77, wins S$6.9 million jackpot, gives it all to children

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top