ပြင်သစ်အစိုးရက ကျန်းမာရေး ဝန်ထမ်းတွေကို လုပ်ခလစာ ယူရို ၈ ဘီလျံ တိုးပေးဖို့ သဘောတူညီ

14-7-2020-yyl-006.jpg

ပြင်သစ်အစိုးရက ကျန်းမာရေးဝန်ထမ်းတွေကို လုပ်ခလစာ ယူရို ၈ ဘီလျံ တိုးမြှင့်ပေးအပ်ဖို့ သဘောတူညီခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်ရာမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ စိုးတထိတ်ထိတ်အခြေအနေမျိုးနဲ့ သီတင်းပတ် ၇ ပတ်ကြာအောင် ဆွေးနွေးခဲ့ပြီးနောက်မှာတော့ ပြီးခဲ့တဲ့တနင်္လာနေ့က ကုန်သွယ်ရေးသမဂ္ဂတွေနဲ့ သဘောတူစာချုပ်ချုပ်ဆိုနိုင်ခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေးကာလအတွင်း ပြည်သူလူထုက ကျန်းမာရေးဝန်ထမ်းတွေကို တန်ဖိုးထား၊ လေးစားကြောင်း ပြသခဲ့ပြီး သူရဲကောင်းတွေအဖြစ် ဂုဏ်ပြုခဲ့ကြပါတယ်။ ဒါပေမဲ့ ကျန်းမာရေးဝန်ထမ်းတွေက သူတို့ကို ပိုပြီးအသိအမှတ်ပြုဖို့၊ လုပ်ခလစာပေးဖို့၊ ဆေးရုံတွေအတွက် ရန်ပုံငွေတိုးမြှင့်ပေးအပ်ဖို့ ဆန္ဒပြတောင်းဆိုမှုတွေလုပ်ခဲ့ပါတယ်။ ဆန္ဒပြသူတချို့ကတော့ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေရမယ်ဆိုတဲ့ စည်းမျဉ်းတွေကို ချိုးဖောက်မှုနဲ့ ဒဏ်ရိုက်ခံခဲ့ရပါတယ်။ ပြင်သစ်နိုင်ငံဟာ ဥရောပတိုက်မှာ ကိုရိုနာဗိုင်းရပ်စ်ဒဏ်ကို အဆိုးရွားဆုံး ခံစားခဲ့ရတဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး ကူးစက်ခံရသူ ၂၀၀,၀၀၀ ကျော်၊ သေဆုံးသူ ၃၀,၀၀၀ ကျော် ရှိခဲ့ပါတယ်။ ပြင်သစ်အစိုးရက ကျန်းမာရေးဝန်ထမ်းတစ်ယောက်အတွက် တစ်လကို ပျမ်းမျှ ၁၈၃ ယူရို တိုးမြှင့်ပေးအပ်သွားဖို့ သဘောတူညီခဲ့ပါတယ်။ လစာတိုးမြှင့်မယ့်အစီအစဉ်မှာ အဓိကပါဝင်နေတာကတော့ သူနာပြုတွေ၊ စောင့်ရှောက်ရေးဝန်ထမ်းတွေ၊ ကျန်းမာရေးပိုင်းဆိုင်ရာမဟုတ်တဲ့ ဝန်ထမ်းတွေပါပဲ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top