အိမ်အကူ ၂ ယောက်ကို နောက်ဆုံးပေါ် iPhone 16s လက်ဆောင်ပေးပြီးတော့ အံ့အားသင့်စေခဲ့တဲ့ မလေးရှားစုံတွဲ

27.9.2024-yyl-1-1.jpg

မလေးရှားလူမျိုး Influencer စုံတွဲဖြစ်တဲ့ Jeff Leong နဲ့ Inthira Kalanjiam တို့ဟာ YouTube ချန်နယ်မှာ subscriber ၁.၁ သန်းကျော်ရရှိထားတာပါ။ စက်တင်ဘာ ၂၂ ရက်နေ့က တင်ခဲ့တဲ့ သူတို့ရဲ့ဗီဒီယိုတစ်ခုဟာဆိုရင် တော်တော်လေးပေါက်ခဲ့ပါတယ်။ အဲ့ဒီဗီဒီယိုမှာ သူတို့စုံတွဲဟာ သူတို့ရဲ့အိမ်အကူ ၂ ယောက်ဖြစ်တဲ့ Neneng နဲ့ Sriကို နောက်ဆုံးပေါ် iPhone 16s အသစ်စက်စက်နဲ့ အံ့အားသင့်အောင်လုပ်ခဲ့တာပါ။

Jeff တို့က သူတို့ရဲ့အိမ်အကူတွေကို ဖုန်းအသစ်ရတဲ့အတွေ့အကြုံကို ခံစားစေချင်လို့ အခုလို iPhone 16s ပေးဖို့ ဆုံးဖြတ်ခဲ့တာပါ။ အိမ်အကူတွေကို ဖုန်းအသစ်နဲ့ အံ့အားသင့်အောင်လုပ်ဖို့ Jeffတို့စုံတွဲက သူတို့ရဲ့ ၂နှစ်သမီးလေးကိုလည်း ပါဝင်စေခဲ့ပါတယ်။

၂ နှစ်သမီးလေးကို အိမ်အကူတွေနဲ့ ကျောက်တုံး၊ စက္ကူ၊ ကတ်ကြေးကစားနည်းကို ကစားစေခဲ့ပါတယ်။ နိုင်တဲ့သူက ဆုအကောင်းစားရမှာဖြစ်ပြီး ရှုံးတဲ့သူက သာမန်ဆုတစ်ခုရမယ်လို့ Inthira က ပြောခဲ့ပါတယ်။ Neneng က ၂ နှစ်သမီးလေးကို ရှုံးသွားခဲ့ပြီး Sri က နိုင်သွားခဲ့ပါတယ်။

၂ နှစ်သမီးလေးက လက်ဆောင်ပေးတဲ့အချိန် သူတို့နှစ်ဦးကို မျက်စိမှိတ်ထားစေခဲ့ပါတယ်။ နိုင်သွားတဲ့ Sri က အနက်ရောင် iPhone 16 Pro ကို ရသွားခဲ့ပြီး Neneng က Light Blue အရောင် iPhone 16 ကို ရရှိခဲ့ပါတယ်။

အိမ်အကူ ၂ ယောက်လုံးက သူတို့ရရှိတဲ့ဆုလက်ဆောင်တွေကို မြင်ပြီး စိတ်လှုပ်ရှားက ဝမ်းသာပီတိမျက်ရည်တွေကျခဲ့ရပါတယ်။

Ref: M’sian Influencer Couple Surprises Their 2 Domestic Helpers With iPhone 16s

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top