ကမ္ဘာ့ပထမဆုံး ထရီလျံ တစ်ဝက်ပိုင်ဆိုင်သူဖြစ်ခဲ့တဲ့ အီလွန်မက်စ်

ei.png

Tesla လျှပ်စစ်ကားကုမ္ပဏီ၊ xAI ဉာဏ်ရည်တုကုမ္ပဏီ၊ SpaceX ကုမ္ပဏီတွေရဲ့ ရှယ်ယာတန်ဖိုးတွေ မြင့်တက်ခဲ့ပြီးနောက်မှာတော့ အီလွန်မက်စ်ရဲ့ အသားတင်ပိုင်ဆိုင်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၅၀၀ ဘီလျံကျော်လွန်သွားခဲ့ပြီး ကမ္ဘာ့ပထမဆုံး ထရီလျံ တစ်ဝက်ပိုင်ဆိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Forbes မဂ္ဂဇင်းရဲ့ ဘီလျံနာအညွှန်းကိန်းအရ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ နယူးယော့ခ်စံတော်ချိန် မွန်းလွဲပိုင်းမှာ အီလွန်မက်စ်ရဲ့ ပိုင်ဆိုင်မှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၅၀၀.၁ ဘီလျံအထိ ရှိခဲ့တာပါ။ အဲဒီနေ့ နှောင်းပိုင်းမှာတော့ ပိုင်ဆိုင်မှုတန်ဖိုး အနည်းငယ် ပြန်ကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၄၉၉ ဘီလျံကျော် ပြန်ဖြစ်သွားခဲ့ပါတယ်။

အီလွန်မက်စ်ဟာ Tesla ကုမ္ပဏီမှာ ရှယ်ယာ ၁၂ ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားပြီး ဒီနှစ်အတွင်း Tesla ကုမ္ပဏီရှယ်ယာတန်ဖိုး သိသိသာသာ မြင့်တက်သွားလို့ သူ့ရဲ့ပိုင်ဆိုင်မှုပမာဏလည်း မြင့်တက်သွားခဲ့တာပါ။ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ နယူးယော့ခ် စတော့ဈေးကွက်ပိတ်ချိန်မှာ Tesla ရှယ်ယာတန်ဖိုးက ၃.၃ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့ပြီး ဒီနှစ်အတွင်း ရှယ်ယာတန်ဖိုးမြင့်တက်မှုက ၂၀ ရာခိုင်နှုန်းကျော်အထိ ရှိလာခဲ့ပါပြီ။

Ref: Musk becomes world’s first half-trillionaire

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top