ဆယ်လီတွေကို အတုခိုးပြီး ဟာသဆန်ဆန်ဓာတ်ပုံရိုက်ခဲ့သူ

yyl69047.jpg

ဘရာဇီးနိုင်ငံ၊ တိုကန်တင်းစ်ပြည်နယ်က ကုမ္ပဏီတစ်ခုမှာ အတွင်းရေးမှူးအဖြစ်လုပ်ကိုင်နေတဲ့ ရီနာတာ နေယား (Renata Neia) ဟာ ဒုတိယကိုယ်ဝန်ဆောင်တဲ့အချိန်အတောအတွင်း ကိုယ်အလေးချိန်များလာတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်လာခဲ့ပါတယ်။ ဒါပေမဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီး စိတ်အပန်းပြေစေမယ့် နည်းတစ်ခုကို ရှာတွေ့ခဲ့ပါတယ်။

တစ်ရက်မှာ သူက ဆယ်လီတစ်ယောက်လို Pose ပေးပြီး ဓာတ်ပုံရိုက်ဖို့ ဆုံးဖြတ်ခဲ့သလို အဲဒီပုံတွေကို လူမှုကွန်ယက်အကောင့်မှာလည်း တင်ခဲ့ပါတယ်။ သူ့ဓာတ်ပုံတွေကို အင်တာနက်အသုံးပြုသူထောင်ပေါင်းများစွာက နှစ်သက်သဘောကျခဲ့ကြပါတယ်။

သူက ဆယ်လီတွေလို Pose ပေးပြီး ဓာတ်ပုံရိုက်တာက ရိုးရိုးတန်းတန်းမဟုတ်ဘဲ ဟာသနှောပြီး ရိုက်ခဲ့တာပါ။ အဲဒါကြောင့်ပဲ အင်တာနက်အသုံးပြုသူတွေကို သူ့ပုံတွေနဲ့ ဆွဲဆောင်ထားနိုင်ခဲ့သလို ရယ်မောပျော်ရွှင်စေခဲ့ပါတယ်။ ရီနာတာက အခြားဆယ်လီတွေ အပါအဝင် သူနဲ့အပြင်မှာ လူချင်းတွေ့ဖူးတဲ့ မင်းသမီး ဂျီအိုဗာနာ အန်တိုနယ်လီ (Giovanna Antonelli) တို့ Pose ပေးတဲ့အတိုင်း ဟာသပုံစံလေးနဲ့ ရိုက်ခဲ့တာပါ။

အခုဆိုရင် ရီနာတာက သူ့ခန္ဓာကိုယ်ကြောင့် စိတ်အားမငယ်တော့ဘဲ ကိုယ့်ကိုယ်ကိုယ် လှတယ်လို့ပဲ ခံယူပြီး ပျော်ရွှင်စွာနေထိုင်နေပါတယ်။ ဆယ်လီတွေ Pose ပေးတဲ့အတိုင်း ရိုက်ခဲ့တဲ့ သူ့ရဲ့ပုံတွေကို စာဖတ်ပရိသတ်တွေ ကြည့်ရှုလို့ရအောင် စုစည်းတင်ပြပေးလိုက်ရပါတယ်။

Ref: Brightside “Learn the Story of the Brazilian Secretary Who Recreates Celebrity Photos in a Humorous Way”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top