၁၆ နှစ်ပြည့်သွားခဲ့ပြီဖြစ်တဲ့ 9/11 အကြမ်းဖက် တိုက်ခိုက်မှု

cover9.jpg

၂၀၀၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ 9/11 အကြမ်းဖက်မှုဟာ ဒီကနေ့မှာတော့ ၁၆ နှစ်တိတိပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်။ အကြမ်းဖက်မှုကြောင့်  သေဆုံးသွားခဲ့ရတဲ့သူများကို ပြန်ပြောင်း သတိရရင်း ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်လုပ်ရပ်များကို တစ်ကမ္ဘာလုံး တားဆီးဖို့လိုပါတယ်။

လွန်ခဲ့တဲ့ ၁၆ နှစ်အကြာက ဖြစ်ပွားခဲ့တဲ့ 9/11 အကြမ်းဖက်မှုကို ပြောရမယ်ဆိုရင် ဒီအကြမ်းဖက်မှုဟာ အမေရိကန်နိုင်ငံကို အစ္စလာမ်မစ် အကြမ်းဖက် အဖွဲ့တစ်ခုဖြစ်တဲ့  အဲလ်ကေးဒါး (al-Qaeda) အဖွဲ့က စက်တင်ဘာလ ၁၁ ရက်၊ အင်္ဂါနေ့ မနက်ခင်းမှာ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် လူပေါင်း ၂၉၉၇ ယောက်သေဆုံးခဲ့ပြီး လူပေါင်း ၆၀၀၀ ကျော် ဒဏ်ရာရခဲ့က ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိတဲ့အခြေခံ အဆောက်အဦးများစွာ ပျက်ဆီးခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာဆိုရင် အမေရိကအဓိကလေကြောင်းလိုင်း ၂ ခုဖြစ်တဲ့ ယူနိုက်တတ် လေကြောင်းလိုင်းနဲ့ အမေရိကန်လေကြောင်းလိုင်းမှ လေယာဉ် ၄ စီးဟာ  အယ်ကေးဒါး အကြမ်းဖက်သမား ၁၉ ဦးရဲ့ ပြန်ပေးဆွဲခြင်းကို ခံခဲ့ရပါတယ်။ ထို လေယာဉ် ၄ စီးအနက် လေယာဉ် ၂ စီးဟာ နယူးယောက်မြို့ရှိ World Trade Center၊ တောင်နဲ့ မြောက် တာဝါ ၂ ခုလုံးကို ဝင်တိုက်ခဲ့ပြီး ၁ နာရီနဲ့ ၄၂ မိနစ်ခန့်အကြာမှာပဲ အထပ်ပေါင်း ၁၁၀ ခန့်ရှိတဲ့ အဆောက်အဦးဟာ လုံးဝပြိုကျပျက်ဆီးသွားခဲ့ပါတယ်။ ဒါ့အပြင် World Trade Center ဝင်းကြီးအတွင်းရှိ ၄၇ ထပ်ရှိတဲ့ အဆောက်အဦးတစ်လုံးလည်း လုံးဝပြိုကျသွားခဲ့ပြီး တခြားသော  အဆောက်အဦး ၁၀ လုံးခန့်  ကြီးကြီးမားမားပျက်ဆီးခဲ့ပါတယ်။

အပိုင်စီးခံလိုက်ရတဲ့ တတိယမြောက် လေယာဉ်တစ်စီးဟာ ဗာဂျီးနီးယားပြည်နယ်၊ အာလင်တန် ကောင်တီရှိ အမေရိကန် ကာကွယ်ရေးဌာနချုပ်ဖြစ်တဲ့ ပင်တဂွန် ကိုဝင်တိုက်ခဲ့ပြီး ပင်တဂွန် အဆောက်အဦးရဲ့ အနောက်ပိုင်းတစ်ခြမ်းပျက်စီးခဲ့ရပါတယ်။ လေးစီးမြောက်လေယာဉ်ဖြစ်တဲ့ ယူနိုက်တတ်လေကြောင်းလိုင်းမှ Flight  နံပါတ် ၉၃ ဟာဆိုရင် ဝါရှင်တန် ဒီစီမြို့ကို ဦးတည်ပျံသန်းခဲ့တာဖြစ်ပေမဲ့ လေယာဉ်စီးခရီးသည်များက အကြမ်းဖက်သမားများလုပ်သမျှကို ငြိမ်မခံနေခဲ့ဘဲ ပြန်လည်တိုက်ခိုက်ခဲ့တဲ့အတွက် လေယာဉ်ဟာ ပစ်မှတ်ရှိရာသို့ မရောက်ခဲ့ဘဲ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် စတုန်းနီခရိ မြို့အနားရှိ လယ်ကွက်တစ်ခု အနား ပျက်ကျသွားခဲ့ပါတယ်။ အကြမ်းဖက်သမားများကို  ပြန်လည်တိုက်ခိုက်ပြီး အပြစ်မဲ့ပြည်သူများ မသေကြေအောင် ကာကွယ်ပေးခဲ့တဲ့ Flight နံပါတ် ၉၃ မှ လေယာဉ်စီး ခရီးသည်များကိုလည်း ဒီနေရာမှ  ချီးကျူးဂုဏ်ပြုလိုက်ပြီး အပြစ်မဲ့ သေဆုံးသွားခဲ့တဲ့ တခြားလေယာဉ် ၃ စီးမှ ခရီးသည်များအတွက်လည်း ဝမ်းနည်းကြောင်း ဆိုချင်ပါတယ်။

အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်နိုင်ငံတို့မှာ အဓိက အခြေစိုက်တဲ့ အဲကေးလ်ဒါး အကြမ်းဖက်အဖွဲ့ဟာ ၂၀၀၅ ခုနှစ်နှစ် လန်ဒန်မှာ လူပေါင်း ၅၂ ဦး သေဆုံးစေခဲ့တဲ့  အသေခံဗုံးခွဲမှု အပြီးမှာ 9/11 တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ အယ်ကေးဒါး အကြမ်းဖက်အဖွဲ့နောက်ပိုင်း ပေါ်ထွက်လာခဲ့တဲ့ အကြမ်းဖက်အဖွဲ့တစ်ခု ဖြစ်တဲ့ ISIS လည်းအခုချိန်မှာ အကြီးအကျယ်ရှုံးနိမ့်နေပြီး  အီရတ်ရှိ ဌာနချုပ်ဖြစ်တဲ့ မိုဆူးလ် (Mosul) ကိုဆုံးရှုံးခဲ့ရုံသာမက ဆီရီးယားရှိ ဌာနချူပ် မြို့ဖြစ်တဲ့ ရက်ကွာ (Raqqa) မြို့ကိုပါ လက်ရှိအချိန်မှာ ဆုံးရှုံးသွားခဲ့တဲ့အတွက် အကြမ်းဖက်မှုဟာ ရေရှည်မခိုင်မြဲဘူးဆိုတာကို သာဓကပြနေသလိုပါပဲ။

ဒါ့ဟာ အကြမ်းဖက်မှုကို ဆန့်ကျင်သူများအတွက် သတင်းကောင်းတစ်ခုဖြစ်ပေမဲ့ ၂၀၁၄ ခုနှစ်ကစလို့ အမေရိကန်တစ်နိုင်ငံတည်းမှာတည်း အကြမ်းဖက်မှု ၆ ကြိမ်ခန့် ဖြစ်ပွားခဲ့ပြီး လူပေါင်း ၇၄ ယောက် သေဆုံးခဲ့ရပါသေးတယ်။

နယူးယောက်မြို့ကတော့ 9/11 တိုက်ခိုက်မှု ၁၆ နှစ်ပြည့်အမှတ်တရအဖြစ် အထိမ်းအမှတ်ပွဲကို မီးမောင်းများထိုးကာ ဆင်နွှဲခဲ့ပြီး မီးမောင်းထိုးခြင်းကို အင်္ဂါနေ့ မနက်မှာ အဆုံးသတ်သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

Ref : CNN News : 16 years after 9/11: The state of the terrorist threat

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top