ဆီးရီယားရှိ ရုရှားတပ်ဖွဲ့များ ရုတ်သိမ်းရန် ရုရှား သမ္မတ အမိန့်ပေး

9E892017-1B89-4FD6-8ACF-192F4846131F_cx0_cy13_cw0_w1023_r1_s.jpg

ဆီးရီယားနိုင်ငံရှိ ရုရှားတပ်ဖွဲ့ဝင်များကို စတင်ရုတ်သိမ်းမှုများ ပြုလုပ်နေကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီး ဆာရေး ရှိုဂူ (Sergei Shoigu) ကပြောဆိုခဲ့ပါတယ်။ ရုရှားသမ္မတ ပူတင်ဟာ တနလာင်္နေ့က ဆီးရီယားနိုင်ငံကို အလည်ပတ် ရောက်ရှိနေချိန်အတွင်း တပ်ဖွဲ့ဝင်များကို တစ်စိတ်တစ်ပိုင်း ရုတ်သိမ်းရန် အမိန့်ပေးခဲ့တာပါ။

ရုရှားသမ္မတသည် ပြီးခဲ့သည့်နှစ်ကတည်းက တပ်ဖွဲ့ဝင်များကို ရုတ်သိမ်းမည်ဟု ကြေညာခဲ့ပေမဲ့ ဆီးရီးယားနိုင်ငံအတွင်း ရုရှားတပ်ဖွဲ့ဝင်များရဲ့ စစ်ဆင်ရေးများကတော့ ရှိနေခဲ့ပါတယ်။  ရုရှားတပ်ဖွဲ့ဝင်များ အချိန်ဘယ်လောက်ကြာရှိမည်ဆိုသည့်အချက်မှာ ဆီးရီးယားနိုင်ငံ၏အခြေနေ ပေါ်တွင်မှုတည်နေကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးက ပြောဆိုသည်။ ရုရှားသမ္မတသည် တနင်္လာနေ့က ဆီးရီယားနိုင်ငံကို ရောက်ရှိခဲ့ပြီး လာကာကီယာမြို့ (Latakia) ရှိ ရုရှား လေတပ်စခန်းကို သွားရောက်ခဲ့သည့်အပြင် ဆီးရီယားသမ္မတ အာဆက်ဒ်နှင့်လည်း တွေဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ရုရှားသမ္မက သူ့အနေဖြင့် ရုရှား လက်နက်ကိုင်တပ်ဖွဲ့ဦးစီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးတို့ကို တပ်ဖွဲ့ဝင်များကို ရုတ်သိမ်းရန် အမိန့်ပေးထားကြောင်း ပြောဆိုခဲ့ပါတယ်။ ဆီးရီယားနိုင်ငံမှာရှိသည့် ရုရှားတပ်ဖွဲဝင်များ ၏အစိတ်အပိုင်းအချို့ကို ပြန်ရုတ်သိမ်းသွားဖို့ ဆုံးဖြတ်ထားပြီး ဆီးရီးယားက တပ်ဖွဲ့အများစုဟာ မကြာခင် ရုရှားကိုပြန်ကြတော့မှာပါလို့ ရုရှားသမ္မတ ပူတင် ပြောဆိုခဲ့ပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top