အိန္ဒိယ ကျားတစ်ကောင်က မိုင်ပေါင်း ၁၈၀၀ ကျော် ခရီးနှင်ခဲ့

18-11-2020-yyl-023.jpg

အိန္ဒိယနိုင်ငံမှာ ခရီးအကွာအဝေး အများဆုံး သွားခဲ့တဲ့ ကျားတစ်ကောင်ကို တွေ့ရှိခဲ့ပါတယ်။ လျှောက်သွားနိုင်လွန်းလို့ Walker လို့ ချစ်စနိုးအမည်ပေးထားတဲ့ ၃ နှစ်ခွဲအရွယ် ကျားအထီးကြီးဟာ ပြီးခဲ့တဲ့နှစ် ဇွန်လက အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရက်ရှ်ထရာပြည်နယ်မှာရှိတဲ့ ဘေးမဲ့တောကနေ ထွက်ခွာလာခဲ့တာပါ။ သားကောင်၊ စားကျက် ဒါမှမဟုတ် အဖော်ရှာရင်း ထွက်လာခဲ့တာ ဖြစ်မယ်လို့ ဆိုပါတယ်။

ခြေရာခံကိရိယာတပ်ဆင်ထားတဲ့ Walker ဟာ ပြီးခဲ့တဲ့ ၉ လအတွင်း မဟာရက်ရှ်ထရာပြည်နယ်နဲ့ တီလန်ဂါနာပြည်နယ်ရဲ့ ခရိုင် ၇ ခုကို ဖြတ်သန်းပြီး အကွာအဝေး ၁၈၆၄ မိုင်အထိ ခရီးနှင်ခဲ့ပါတယ်။

ပြီးခဲ့တဲ့မတ်လမှာတော့ Walker ကို မဟာရက်ရှ်ထရာပြည်နယ်ရဲ့ တခြားဘေးမဲ့တောတစ်ခုမှာ နေရာချပေးခဲ့ပြီး ပြီးခဲ့တဲ့ဧပြီလမှာ သူ့လည်ပင်းမှာ တပ်ဆင်ထားတဲ့ ခြေရာခံကိရိယာကို ဖြုတ်ပေးခဲ့ပါတယ်။ ၂၀၅ စတုရန်းကီလိုမီတာကျယ်ဝန်းတဲ့ ဒါနန်ဂင်္ဂါဘေးမဲ့တောမှာ ကျားသစ်တွေ၊ တောင်ဆိတ်တွေ၊ တောဝက်တွေ၊ ဒရယ်တွေ၊ ဥဒေါင်းတွေ ကျက်စားကြပြီး Walker ကတော့ အဲဒီဘေးမဲ့တောမှာ ကျက်စားတဲ့ တစ်ကောင်တည်းသောကျားပါ။ Walker အတွက် မိတ်လိုက်ဖော် ရှာပေးဖို့အတွက် ကျားမတစ်ကောင်ကို အဲဒီဘေးမဲ့တောထံ ပို့ဆောင်သင့်၊ မပို့ဆောင်သင့်ဆိုတဲ့အချက်ကို သားရဲတိရစ္ဆာန်ထိန်းသိမ်းရေးအရာရှိတွေက ဆွေးနွေးနေကြပါတယ်။

Ref: BBC ” India tiger awaits mate after ‘longest’ 3,0000km journey”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top