အရက်၏ အံ့ဩဖွယ် ကျန်းမာရေး ကောင်းကျိုးများ

drinklarge.jpg

ဒါဟာ အရက်ကြိုက်တဲ့သူတွေအတွက် အံ့ဩစရာအကောင်းဆုံး သတင်းတစ်ပုဒ် ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

အရက်ဟာ ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။ ဒါပေမယ့် ဒါဟာ မှန်လားဆိုတာ ဒီဆောင်းပါးက ဖေါ်ပြလိမ့်မယ်။

ကျန်းမာတဲ့ နှလုံးကို ပိုင်ဆိုင်နိုင်ပါတယ်။

ကြားရတာ ရူးချင်ချင် ဖြစ်သွားမှာ ဖြစ်ပေမယ့် ဘီယာနဲ့ ဝိုင် အမျိုးအစား မှန်သမျှဟာ နှလုံးအတွက် အကျိုးရှိပါတယ်။ ဘီယာရော ဝိုင်မှာပါ ဓါတ်တိုးဆန့်ကျင်ဂုဏ်သတ္တိရှိတဲ့ phenol ပါဝင်ပြီး သူဟာ နှလုံးရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးပြီး သွေးတိုးနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ဒါပေမယ့် ဒါဟာ ဘီယာနဲ့ ဝိုင်ကို မှန်ကန်တဲ့ ပမာဏ သောက်ရင်ပဲ ဆိုလိုတာပါ။

ငှက်ဖျားရောဂါကို သက်သာစေပါတယ်။

ငှက်ဖျားရောဂါဟာ တစ်ကမ္ဘာလုံး ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အနောက်ပိုင်းနိုင်ငံတွေမှာ လူတွေဟာ ဂျင်အရက် နဲ့ အားဆေးတွေကို ငှက်ဖျားရောဂါ တိုက်ဖျက်ဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။ တကယ်တော့ အားဆေးမှာ quinine ပါဝင်ပြီးတော့ သူဟာ အကိုက်အခဲပျောက်ဆေးရော အရောင်ကျဆေး အစွမ်းပါ ရှိပါတယ်။

ဆေးပညာတွေ တိုးတက်လာတဲ့အလျောက် အစွမ်းထက်တဲ့ ဆေးအတော်များများကို ငှက်ဖျားရောဂါကို ကုသဖို့ တီထွင်လာကြပေမယ့် quinine နဲ့ အားဆေးကတော့ ငှက်ဖျားကြောင့် ဖြစ်တဲ့ မလိုလားအပ်တဲ့ လက္ခဏာတွေကို သက်သာစေဖို့ အသုံးပြုဆဲဖြစ်ပါတယ်။ ဒါပေမယ့် ငှက်ဖျားရောဂါက ဆိုးရွားလာခဲ့ရင် (သို့) ပြင်းထန် လက္ခဏာတွေ ဖြစ်လာမယ်ဆိုရင် ဆရာဝန်နဲ့ အခြားဆေးတွေ မသောက်ခင် တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

စိတ်ဂနာမငြိမ်ဖြစ်မှုကို လျော့ကျစေပါတယ်။

ပွဲတစ်ခုခု (သို့) မိသားစု တွေ့ဆုံပွဲတစ်ခုမှာ အရာရာဟာ ပုံမှန်မဟုတ်ပဲ ထူးဆန်းနေတယ်လို့ ခံစားရဖူးပါသလား။ ဒီလိုခံစားရဖူးတယ်ဆိုရင်တော့ စိတ်မပူပါနဲ့တော့။ အရက်တစ်ပုလင်း (သို့) နှစ်ပုလင်းလောက်ကို ပွဲကိုယူသွား လိုက်ပါ။ အရာရာဟာ အဆင်ပြေလာပြီး ချောမွေ့လာတာမို့ ပျော်ရွှင်ဖွယ် ကောင်းလာပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ အရက်ဟာ သင့်ကို ယုံကြည်မှုတိုးမြှင့်ပေးပြီး လူတွေနဲ့ ပိုမိုပေါင်းသင်းဆက်ဆံ တတ်လာစေပါတယ်။ ဒါကြောင့် အရက် အနည်းငယ် သောက်ထားတဲ့သူတွေမှာ တစ်ယောက်နဲ့ တစ်ယောက် သိကျွမ်းဖို့ ပိုမိုလွယ်ကူပါတယ်။

ဝိုင်အနီဟာ အဆီကျစေပါတယ်။

မှန်ကန်တဲ့ ပမာဏသာ သောက်သုံးမယ်ဆိုရင် ဝိုင်အနီဟာ သင့်ကို အဆီကျစေတယ်ဆိုတာ သိပ္ပံပညာအရ သက်သေပြထားပြီး ဖြစ်ပါတယ်။ Oregon State University ရဲ့ လေ့လာမှုတစ်ခုအရ ellagic acid လို့ ခေါ်တဲ့ ဓါတုပစ္စည်း တစ်မျိုးပါဝင်တဲ့ အနီရင့်ရောင် စပျစ်ရည်ဟာ ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပြီး အသည်းအဆီဖုံးခြင်းကို ကာကွယ်ပေးပါတယ်။ ဒီဓါတုပစ္စည်းဟာ အဆီဆဲလ်တွေ ပွားလာတာကို နှေးသွားစေပြီး အသစ်ဖြစ်ခြင်းကိုလည်း တားဆီးပေးပါတယ်။ ဒါဟာ အသည်းမှာ ရှိတဲ့ အဆီချေဖျက်ခြင်းလုပ်ငန်းစဉ် ကို မြှင့်တင်ပေးပါတယ်။

ဝိုင်သောက်ခြင်းဟာ ကျန်းမာရေး အကျိုးကျေးဇူးတွေ ရှိတယ်ဆိုသော်လည်းပဲ သောက်တဲ့ ပမာဏကို သတိထား သင့်ပါတယ်။ သင့်တော်တဲ့ ပမာဏလောက်သောက်သုံး ရင်တော့ အရာရာအတွက် အဆင်ပြေပါတယ်။ ဒါကြောင့် ပညာရှင်၊ ဆရာဝန်၊ ကျန်းမာရေးစောင့်ရှောက်သူကို တစ်နေ့ (သို့) တစ်ပတ်မှာ ဘယ်လောက်သောက်သင့်သလဲဆိုတာ မေးမြန်းသင့်ပါတယ်။ ဒီညွှန်ကြားချက်တွေကို တိတိကျကျ လိုက်နာမယ်ဆိုရင် အရက်နာကျခြင်းကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ လက္ခဏာတွေကို ခံစားရစရာ အကြောင်း မရှိတော့ပါဘူး။

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
[ ဤဆောင်းပါးကို ရိုးရာလေး ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။ ]

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top