ဒီတစ်ပတ်တော့ ရိုးရာလေးရဲ့ မြန်မာစာ မြန်မာစကား ပရိသတ်တွေကို မြန်မာစကားပုံ တစ်ခုကို ပြောပြပေးချင်ပါတယ်။
“သန်းခေါင်ထက် ညဉ့်တိုးမနက်”
သန်းခေါင်က ညဉ့်အနက်ဆုံးဖြစ်ကာ သန်းခေါင်မှ လွန်လာတဲ့အခါ နံနက်လင်းရောင်ဘက်ကို တိုးရွှေ့လာမြဲဖြစ်တယ်လို ဆိုလိုပါတယ်။ လူတစ်ယောက် က အဆိုးရွားဆုံးတွေ ကြုံတွေ့ရတဲ့အခါ ဒီထက် ဆိုးရွာစွာ ကြုံတွေ့ဖို့ အခြေအနေမရှိတော့တဲ့အခါ မျိုးတွေမှာ မျှော်လင့်ချက်တွေ နီးလာပြီဆိုပြီး “သန်းခေါင်ထက် ညဉ့်တိုးမနက်” ဟု ဆိုကာ အားတင်းတဲ့အနေနဲ့ သုံးနှုန်းပြောဆိုတဲ့ စကားဖြစ်ပါတယ်။
Team(ရိုးရာလေး)