“ချင်း နဲ့ ခြင်း”

mmsar300720.jpg

မြန်မာစာ မြန်မာစကား ပရိသတ်တွေအားလုံးမင်္ဂလာပါရှင် ဒီတစ်ပတ် ပရိသတ်တွေကို ဖော်ပြပေးချင်တဲ့ အကြောင်းအရာက “ချင်း နဲ့ ခြင်း” ကို ဘယ်လိုစကားလုံးတွေရေးတဲ့ အခါမှာ သုံးလည်းဆိုတာပဲဖြစ်ပါတယ်။

“ချင်း” ကို ဘယ်လိုအခါမျိုးတွေမှာ ရေးသားရလဲဆိုတော့ ဥပမာ-ကိုယ်ချင်းစာ၊ ကိုယ့်မင်းကိုယ်ချင်း၊ ချက်ချင်း၊ တခဏချင်း၊ ဆွေမျိုးသားချင်း၊ တစ်ယောက်ချင်း၊ နေချင်းညချင်း၊ နှစ်ချင်းပေါက်၊ ပွဲချင်းပြီး၊ မွေးချင်း၊ အချင်းချင်း စတဲ့ စကားလုံးတွေ ရေးသားတဲ့ အခါမျိုးတွေမှာ “ချင်း” ကို သုံးရပါတယ်။

“ခြင်း” ကို ဘယ်လိုအခါမျိုးတွေမှာ ရေးသားရလဲဆိုတော့ ဥပမာ- စည်းလုံးခြင်း၊ ပျောက်ခြင်းမလှပျောက်၊ ခြင်းတောင်း၊ အခြင်းအရာ၊ ခြင်းခြင်းနီ၊ နှစ်ခြင်းသာသနာ စတဲ့ စကားလုံးတွေ ရေးသားတဲ့ အခါမျိုးတွေမှာ “ခြင်း” ကို သုံးရပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top