အနီးမွှေး အဝေးကြိုင်

12-9-2020.jpg

ဒီတစ်ပတ်တော့ ရိုးရာလေးရဲ့ မြန်မာစာ မြန်မာစကား ပရိသတ်တွေကို မြန်မာစကားပုံ တစ်ခုကို ပြောပြပေးချင်ပါတယ်။ ပန်းရဲ့ရနံ့ဟာ အနီးအနားမှာ မွှေးကြိုင်ပါမှာသာ အဝေးမှာလည်း မွှေးကြိုင်နိုင်မှာဖြစ်ပါတယ်။

လူတစ်ယောက်အနေနဲ့ မိမိနေထိုင်ရာ ပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာ ဂုဏ်သတင်းမွှေးကြိုင်မှသာ အခြားအခြားသောပတ်ဝန်းကျင်မှာလည်း ဂုဏ်သတင်းမွှေးကြိုင်နိုင်မှာဖြစ်တယ်လို့ ဆိုလိုတဲ့အခါမျိုးတွေမှာ “အနီးမွှေးအဝေးကြိုင်” ဆိုတဲ့စကားပုံကို ရည်ညွှန်းသုံးနှုန်းပြောဆိုတာပဲဖြစ်ပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top