လေ့လာမှတ်သား မြန်မာစကားပုံများ

mmsar-20-6-2020.jpg

စကားပုံဆိုတာ အနက်အဓိပ္ပါယ်နဲ့ ပြည့်စုံပြီး လူအများ စံပြု ပုံခိုင်းနှိုင်း ပြောဆိုလေ့ရှိကြတဲ့ စကား၊ ပြောထုံးစကားမျိုး ဖြစ်ပါတယ်။

ဒီနေ့ဖော်ပြပေးလိုက်တဲ့ “ခေါင်းတုံးပေါ်ထိပ်ကွက်” စကားပုံက ခေါင်းတုံးရိတ်ထားတဲ့အပေါ်က ထပ်ဆင့်ပြီး ထိပ်ကွက်နေသကဲ့သို့ သူတစ်ပါးအပေါ်မှာ ရသလိုအမြတ်ထုတ်တတ်သူကို သူ့ထက်လျင်သူက အမြတ်ထုတ်သွားတာမျိုးနဲ့ ဆက်စပ်သုံးနှုန်းလေ့ရှိပါတယ်။

ဥပမာအသုံး

“ခင်ဗျားဟာ ခေါင်းတုံးပေါ် ထိပ်ကွက်ဆိုသလို ကျုပ်တို့လို လူဆိုးလူမိုက်တွေအပေါ်မှာ ထိပ်ကွက်ပြီး အညွန့်ခူးတတ်လွန်းလို့ ကျုပ်အလိမ္မာစွမ်းနဲ့ ခင်ဗျားကို ခေါ်ခဲ့တာပဲ”

မြန်မာစကားပုံတွေအကြောင်းကို အပတ်စဉ်တိုင်း ပုံမှန်တင်ဆက်ပေးနေတာဖြစ်လို့ ရိုးရာလေးစာဖတ်ပရိသတ်တွေ အဓိပ္ပာယ်သိလိုတဲ့ စကားပုံတွေကိုလည်း တောင်းဆိုဆန္ဒပြုသွားခဲ့နိုင်ပါတယ်။

Ref: မြန်မာစာအဖွဲ့၊ မြန်မာစကားပုံ။
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top